Monday, September 29, 2014

IS အဖွဲ့ကို တိုက်ခိုက်ဖို့ သြစီစစ်သားတွေ အမိန့်မကျသေး


အီရတ်နိုင်ငံအတွင်းက ​IS ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေကို ​ဝေဟင်ကနေ ​တိုက်ခိုက်ဖို့ ​သြစတြေးလျ ​အစိုးရက ​ညွှန်ကြားထားခြင်း ​မရှိသေးတဲ့အတွက် ​သြစတြေးလျ ​စစ်သားတွေဟာ ​ယူအေအီး ​နိုင်ငံမှာပဲ ​ညွှန်ကြားချက်ကို ​စောင့်ဆိုင်းနေကြပါတယ်။

သြစတြေးလျနိုင်ငံပိုင် ​တိုက်လေယာဉ် ​၈ ​စင်းနဲ့ ​သြစတြေးလျက ​ပို့ဆောင်မယ့် ​စစ်သား ​အယောက် ​၆၀၀ ​ထဲက ​အတော်များများဟာ ​United ​Arab ​Emirates ​ယူအေအီး ​နိုင်ငံမှာ ​ရောက်ရှိနေပြီး ​အမိန့်ကို ​စောင့် ဆိုင်းနေပါတယ်။

ဒါပေမဲ့ ​ဒီကနေ့မှာလည်း ​သြစတြေးလျ ​ဝန်ကြီးများအဖွဲ့ ​အစည်းအဝေးမရှိတဲ့အတွက် ​အမိန့်ကျဖို့ ​ရက် အနည်းငယ် ​စောင့်ဆိုင်းရနိုင်ပါတယ်။အေဘီစီက ​ရရှိတဲ့သတင်းအရ ​မနက်ဖြန်မှာလည်း ​ဝန်ကြီးများ ​အစည်းအဝေး မရှိပါဘူး။ 

သြစတြေးလျ ​ကာကွယ်ရေးဝန်ကြီး ​David ​Johnston ​က ​ဒီကိစ္စကို ​ဆွေးနွေးဖို့ ​အီရတ်နိုင်ငံ ​ဘက်ခ် ဒက်မြို့ကို ​သွားရောက်ပြီး ​အခုအခါမှာ ​သြစတြေးလျ  ​နိုင်ငံကို ​ပြန်လည် ​ရောက်ရှိလာပြီ ​ဖြစ်ပါတယ်။

သြစတြေးလျအနေနဲ့ ​ဒီတိုက်ခိုက်မှုအတွင်း ​ပါဝင်တဲ့အခါ ​လိုအပ်မယ့် ​ဥပဒေမူဘောင် ​အချက်အလက် ​ကိစ္စကို ​ဆွေးနွေးခဲ့တာဖြစ်ပြီး ​ဒီဥပဒေမူဘောင် ​ကိစ္စတွေကို ​ဖြေရှင်းပြီးမှသာ ​သြစတြေးလျစစ်သားတွေကို ​သွားတိုက်ဖို့ ​အမိန့်ချမှတ်နိုင်မှာ ​ဖြစ်တဲ့အတွက် ​ရက်အနည်းငယ် ​ကြာမြှင့်ဦးမယ်လို့ ​ခန့်မှန်းရတဲ့အကြောင်း ​အေဘီစီ ​သတင်းထောက်  ​Nick ​Pedley ​က ​သတင်းပေးပို့ထားပါတယ်။

အခုလောလောဆယ် ​အမေရိကန်နဲ့ ​တချို့နိုင်ငံကတော့ ​ဆီးရီးယားပြည်တွင်းက ​IS ​အဖွဲ့တွေကို ​ဝေဟင် ကနေ ​တိုက်ခိုက်မှု ​လုပ်နေပြီး ​ရေနံသန့်စင်ရေး ​စက်ရုံတချို့ကို ​ဖျက်ဆီးလိုက်ပါတယ်။

ရေနံဟာ ​IS ​အဖွဲ့အတွက် ​အဓိက ​ဝင်ငွေဖြစ်ပြီး ​တစ်ရက်ကို ​ဒေါ်လာ ​သုံးသန်းလောက် ​ရရှိစေတယ်လို့ လည်း ​သိရပါတယ်။

ABC

No comments:

Post a Comment

My Blog List