ဟောင်ကောင်တွင် စက်တင်ဘာ၂၇ရက် ညက ဒီမိုကရေစီလိုလားသည့် ဆန္ဒပြသူများသည် ဟောင်ကောင် အစိုးရ ဌာနချုပ်ရုံး၏ အပြင်ဘက်တွင် အင်နှင့်အားနှင့် စုဝေးခဲ့ကြပြီး တရုတ်အစိုးရက နိုင်ငံရေး လွတ်လပ် ခွင့် ပို၍ ခွင့်ပြုခြင်း မရှိပါက အာဏာ ဖီဆန်ရေးကို တိုး၍ အပြင်းအထန် ဆက်လုပ်သွား မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်ဟု စက်တင်ဘာ ၂၈ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဆန္ဒပြသူ အားလုံးနီးပါးတို့သည် အလွယ်တကူဝယ်၍ ရနိုင်သော စတိုးဆိုင်များမှ ၀ယ်ယူထားသော မိုးရေ ဒဏ်ခံနိုင်သည့် ခေါင်းစွပ်ခြုံထည်များနှင့် ရဲတပ်ဖွဲ့က ငရုတ်ကောင်းရေများနှင့် ပက်ဖျန်းလာနိုင်သဖြင့် မျက်လုံးကာများကိုပါ ၀တ်ဆင်ကာ ဆန္ဒပြသူ ၇၄ ဦးဖမ်းဆီးထားသည့် အဆောက်အအုံ၏ အပြင်ဘက်တွင် စုဝေးလျက်ရှိသည်။
အတန်းလိုက် နေရာယူထားကြသော ရဲအရာရှိများသည် စက်တင်ဘာ ၂၆ရက် ညက ထိုနေရာသို့ ၀င်ရောက် စီးနင်း လာကြသော ဒါဇင်နှင့်ချီသော လူများကို စောစောပိုင်းက ရှင်းလင်းနိုင်ခဲ့ပြီး နောက် တိုး၍များလာသော လူများအား အဓိက ရုဏ်း နှိမ်နှင်ရေး ဒိုင်းများဖြင့် တွန်းဖယ်၍ လွှတ်နေရသည်။
၂၀၁၇ ခုနှစ်တွင် ဟောင်ကောင်အုပ်ချုပ်ရေးမှူးရွေးချယ်ရာ၌ တရုတ်အစိုးရက ခန့်အပ်ထားသည့် ကော်မ တီက အမည်စာရင်း တင်သွင်းထားသူများကိုသာ ရွေးချယ်ခွင့်ရှိကြောင်း ကြေညာချက်ကို ဆန့်ကျင်သည့်
အ နေဖြင့် ဆန္ဒပြနေကြခြင်း ဖြစ်သည်။
ဆန္ဒ ပြနေစဉ် ကာလအတွင်းတွင်“ မြို့လယ်သိမ်းပိုက်ကြ ”ဟူသော ဒီမိုကရေစီ လိုလားသည့် ထင်ရှား သော အောက်ခြေလူထု အဖွဲ့က ၎င်းတို့သည် ထောင်နှင့်ချီသော တက်ကြွသူများကို စည်းရုံးသွားခဲ့ကာ မြို့တော် ၏ ငွေကြေးအရ အချက်အခြာကျသော အစိတ်အပိုင်းများကို သိမ်းယူသွားမည်ဟု ကြေညာခဲ့ သည်။
သိမ်းပိုက်ခြင်းကို အောက်တိုဘာ ၁ ရက်တွင် စတင်မည်ဟု မူလက မျှော်လင့်ထားသော်လည်း ထိုအဖွဲ့ကို တည်ထောင်သူ ဘင်နီတိုင်က ဗဟိုရုံးများကို သိမ်းပိုက်ကြဟူသော အစီအစဉ်ကို အခုပဲ လုပ်ကြဟု ပြောသည်။ လူငယ်အများစု ပါဝင်သော လူထုသည် ပိုမို များပြားလာကာ ထောင်နှင့် ချီလာခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် လုံးထွေး သတ်ပုတ်မှုများ အကြိမ်အတော် များများ ဖြစ်ခဲ့ကြသည်။ ဟောင်ကောင်ကို လွတ်လပ်မှု အခွင့်အရေးတွေ ပိုမပေးပါက ဆန္ဒပြမှုကို အ ကန့်အသတ်မရှိ ဆက်လုပ်သွား မည် ဟု ပြောထားသည်။
ဆန္ဒပြပွဲကို စည်းရုံး စီစဉ်သူများသည် စိတ်ဓာတ် တက်ကြွဖွယ် တေးသီချင်းများကို သီဆိုတီးမှုတ်နေကြပြီး မိန့်ခွန်းများ ပြောကြားသည်ကို နားထောင်သူများက သြဘာ လုပ်ခံသံတွေ ပေးကြသည်။ ဆန္ဒ ပြသူများ သည် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုစခန်းများ တည်ထောင်ထားကြပြီး ရေ၊ သွားရေစာနှင့် ငရုတ်ကောင်းရေဖျန်းလျှင် ကာကွယ်နိုင်သော အကာအကွယ်ပစ္စည်းများကို အခမဲ့ထုတ်ပေးကြသည်။
Mizzima - News in Burmese
No comments:
Post a Comment