Monday, September 29, 2014

၉၆၉ နှင့် BBS တို့ ပူးပေါင်းမည်ဟု ဦးဝီရသူပြော



အတူတကွ ပူးပေါင်း အလုပ်လုပ်ပြီး ဘာသာရေးကို ကာကွယ်သွားမယ်လို့ သိရီလင်္ကာနိုင်ငံမှာ ကျင်းပနေတဲ့ ဗောဓု ဗလဆေန (BBS) မဟာသံဃာ့ ညီလာခံကို တက်ရောက်နေတဲ့ ဦးဝီရသူက ပြောဆိုလိုက်ပါတယ်။သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ် ၅၀၀၀ နီးပါး တက်ရောက်တဲ့ ညီလာခံမှာ ဂျီဟတ်အုပ်စုတွေရဲ့ ခြိမ်းခြောက်ခံနေရတဲ့ ဗုဒ္ဓဘာသာကို ကာကွယ် ဖို့ ၉၆၉ လှုပ်ရှားမှုနဲ့ BBS တို့ ပူးပေါင်းသွားမယ်လို့ ဦးဝီရသူက ပြောပါတယ်။
ဗုဒ္ဓဘာသာတွေရဲ့ သည်းခံစိတ်ရှည်တာဟာ အားနည်းချက်အဖြစ်မြင်သလို ဗုဒ္ဓဘာသာ ဘုရား ကျောင်းကန်တွေဟာ ဖျက်ဆီးခံရပြီး သံဃာတော်တွေကို ဆန်ကျင်နေတဲ့ ဂျီဟတ်တွေ ရှိတယ်လို့ သူက ပြောပါတယ်။

တချို့အစွန်းရောက်တွေကလည်း နည်းပညာ မီဒီယာ စွမ်းအားတွေကို အသုံးပြုပြီး သူတို့ အမှားတွေကို ကမ္ဘာတ၀န်း ဖြန့်နေတဲ့အတွက် ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့သူတွေကို သတိပေးရတာဖြစ်တယ်လို့ သူက ပြောပါတယ်။

ဗုဒ္ဓဘာသာဝင်တွေများတဲ့ သိရီလင်္ကာမှာ လူနည်းစု မွတ်စလင်နဲ့ ခရစ်ယာန် တွေကို တိုက်ခိုက်ပြီး အမုန်းတရားတွေ လှုံ့ဆော်နေတယ်လို့ BBSဟာ စွပ်စွဲခံနေရပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့မှာ ပထမဆုံးနိုင်ငံခြား ခရီးစဉ် အဖြစ် ဦးဝီရသူက သိရီလကာင်္ကို ကြွရောက်ခဲ့တာဖြစ်ပြီး ၄ ရက်ကြာ သတင်းသုံး နေထိုင်သွားမှာ ဖြစ်ပါတယ်။

ဆရာတော်ရဲ့ ခရီးစဉ်ကို သီရိလင်္ကာနိုင်ငံ မွတ်စလင်ကောင်စီအပါအဝင် မွတ်စလင် အဖွဲ့အစည်းတွေက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ထိခိုက်လာနိုင်တဲ့အတွက် ပြည်ဝင်ခွင့်ဗီဇာ မပေးဖို့ သမ္မတနဲ့ လူဝင်မှုကြီးကြပ်ရေး ဌာနတွေကို ကန့်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

DVB

No comments:

Post a Comment

My Blog List