Sunday, September 06, 2015

ဘန်ကောက်တိုက်ခိုက်မှုအတွက် ဖမ်းဆီးထားသူ ၂ ဦး ဗုံးခွဲသူမဖြစ်နိုင်ဟု ရဲတပ်ဖွဲ့ပြော



ပြီးခဲ့တဲ့လက ဘန်ကောက်ဗုံးခွဲမှုအတွက် ဖမ်းဆီးခဲ့တဲ့အမျိုးသား ၂ ယောက်ထဲက တစ်ယောက်ကမှအင်္ကျီ အဝါဝတ် အဓိကဗုံးခွဲတရားခံ မဟုတ်ဘူးလို့ ယုံကြည်ရကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။အဒမ်ကာရာဒက် နဲ့ ယူဆူဖူ မိုင်ရိုင်လီလို့ အမည်ရတဲ့သံသယရှိသူ နိုင်ငံခြားသား ၂ ယောက်ဟာ သြဂုတ် ၁၇ ဗုံးကွဲမှုနောက် ကွယ်က အဖွဲ့ထဲမှာ ပါဝင်မယ်လို့ ယူဆရပါတယ်။

ဖမ်းဆီးမှုတွေဟာ ရဲရဲ့စုံစမ်းစစ်ဆေးမှုအတွင်း တစ်ဆစ်ချိုးပြောင်းလဲမှုအဖြစ် ထင်မြင်ခဲ့ရပေမယ့် သက်သေ တွေအရ သူတို့နှစ်ယောက်အနက်တစ်ယောက် ကမှ အဓိကတရားခံမဟုတ်ဘူးလို့ ရဲက သောကြာနေ့က ပြောပါတယ်။

“သက်သေအရ ယူဆူဖူဟာ ရှပ်ဝါဝတ် သံသယရှိသူမဖြစ်နိုင်ဘူး” လို့ အမျိုးသားရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ပရာဝတ်သာဗွန်သီရိက ဘန်ကောက် မြို့သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် ကာရာဒက်ဟာ အဓိကတရားခံဖြစ်တယ်လို့အတည်ပြုနိုင်တဲ့ အချက်တစ်ချက်မှ မတွေ့ရဘူးလို့ လည်း သူက ဆက်ပြောပြီး DNA စစ်ချက်ကို ရည်ညွှန်းပါတယ်။

ဗုံးပေါက်ကွဲတာ ၂ ပတ်နီးပါးကြာမြင့်ပေမယ့် တိုးတက်မှုမရှိဘဲဖြစ်နေ ခဲ့ပြီးနောက် ပြီးခဲ့တဲ့စနေနေ့က အာဏာပိုင်တွေဟာ ဘန်ကောက်မြို့ အရှေ့ပိုင်း တိုက်ခန်းတစ်ခုမှာ ကာရာဒက်ကို ဖမ်းဆီးခဲ့ပါတယ်။ နောက် ၃ ရက်အကြာမှာ ယူဆူဖူဟာ ကမ္ဘောဒီးယားကို ဖြတ်ကျော်ဖို့ ကြိုးစားနေချိန်မှာ အဖမ်းခံခဲ့ရပါ တယ်။

ကာရာဒတ်ထံမှာ ဗုံးလုပ်တဲ့ပစ္စည်းတွေ တွေ့ရပြီး ယူဆူဖူရဲ့ DNA ဟာ အခြားတိုက်ခန်းတစ်ခုထဲက ဗုံးလုပ်တဲ့ ကိရိယာတွေပေါ်မှာ တွေ့ရပြီးနောက် သူတို့နှစ်ယောက်စလုံးကို တရားမဝင်ဗုံးလက်နက်များ လက်ဝယ်ရှိမှုနဲ့ တရားစွဲဆိုထားကြောင်း ပရာဝတ်က သောကြာနေ့ကပြောပါတယ်။

သူတို့ ၂ ယောက်လုံးဟာ စာရွက်စာတမ်းအတုတွေကို အသုံးပြုထားတယ်လို့ ယုံကြည်ရပြီး သံရုံးတွေနဲ့ အဆက်အသွယ်လုပ်နေဆဲဖြစ်တဲ့အတွက် အဖမ်းခံရသူတွေရဲ့ နိုင်ငံသားကို အတည်ြပုဖို့ အာဏာပိုင်တွေ က ငြင်းဆန်ခဲ့ပါတယ်။ ကာရာဒတ်ဆီမှာ တူရကီပတ်စပို့အများအပြားရှိပြီး ယူဆူဖူကတော့ တရုတ်ပတ်စပို့ တစ်ခုကို ကိုင်ဆောင်ထားပါတယ်။

ဘာသာပြန် - စုပြည့်စုံ
Ref: AFP
ပုံ - AFP, Reuters
Kumudra

No comments:

Post a Comment

My Blog List