Sunday, September 06, 2015

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အစ္စရေးသွား






ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် မနေ့နံနက်ပိုင်းက အစ္စရေးနိုင်ငံသို့ သွားရောက်ကြောင်း မြ၀တီသတင်းတွင်ဖော်ပြ ထားသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အတူ ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ် မောင်မောင်အေး၊ စစ်ဦးစီး အရာရှိချုပ်(ရေ)ဗိုလ်မှူးချုပ်မိုးအောင်၊ စစ်ဦးစီးအရာရှိချုပ်(လေ)ဗိုလ်မှူးချုပ် မောင်မောင်ကျော်၊အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ် နှင့်တပ်မတော်အရာရှိကြီးများ လိုက်ပါသွားသည်။

၁၉၅၉ ခုနှစ် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်း အစ္စရေးနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီးနောက်ပိုင်း ၅၆နှစ်အကြာ ပထမဆုံး ကာကွယ်ရေးဦးစီးချုပ်၏ ခရီးစဉ်ဖြစ်သည်။

အစ္စရေးနှင့် မြန်မာသည် ၁၉၄၉ ခုနှစ် သံတမန်ဆက်ဆံပြီးနောက်ပိုင်း ဖဆပလ အစိုးရလက်ထက်ကတည်း စစ်ရေးဆိုင် ရာ ထောက်လှမ်းရေး ကဏ္ဍ၊၊ စိုက်ပျိုးရေးကဏ္ဍ၊ စစ်လက်နက်ပစ္စည်းစသည့် ကိစ္စရပ်များတွင် ဆက်ဆံမှုများ ရှိခဲ့ရာ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယခုခရီးစဉ်တွင်လည်း တပ်မတော်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက် ရေး ကိစ္စရပ်များကို ဆွေးနွေး မည်ဖြစ်ပြီး အထင်ကရနေရာများနှင့် အကြီးစားစက်မှု လက်မှုလုပ်ငန်းများဆောင်ရွက် နေမှုကိုလည်း လေ့လာကြည့်ရှု မည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List