Monday, March 23, 2015

လောက်ကိုင်ဒေသမှ တိုက်ပွဲရှောင်လာသူများအား ငွေနှင့် အစား အသောက် များ ထောက်ပံ့


လောက်ကိုင်ဒေသမှ တိုက်ပွဲရှောင်လာသော ပြည်သူများ လာရောက် ခိုလှုံနေထိုင်သည့် လားရှိုးမြို့ (၁၂) ရပ် ကွက်ရှိ သီရိမင်္ဂလာ မန်ဆူရှမ်း ကျောင်းတိုက် ဒုက္ခသည်များ ကူညီကယ်ဆယ်ရေး စခန်းသို့ ရန်ကုန်မြို့ ရှိ We Are One Myanmar လူငယ် ပရဟိတအသင်းက ငွေကျပ်သိန်း ၂၅ဝ ကျော်နှင့် အစားအသောက်များ ကို မတ် ၁၈ရက်က ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။
We Are One Myanmar လူငယ်ပရဟိတ အသင်းမှ မန္တလေးမြို့တွင် အလှူခံရရှိခဲ့သည့် ငွေကျပ် ၂၅ဝ၃၄ဝဝဝ ကျပ်နှင့် အစားအသောက်များ၊ အဝတ်အထည်များနှင့် အချိုရည် ကျပ်သိန်း ၅ဝ ဖိုးခန့်ကို အသင်း ဥက္ကဋ္ဌ ဦးဝေမင်းမောင်နှင့် အသင်းဝင်များဖြစ်သော သရုပ် ဆောင် သီရိရှင်းသန့်၊ သရုပ်ဆောင် ခရစ္စတီးနား၊ ဦးထွန်းနေစိုး (MD-Myanmar Media 7)၊ အဆိုတော် သိန်းလင်းစိုးတို့က ကိုယ်တိုင် လာရောက် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

လားရှိုးမြို့သို့ ရောက်ရှိနေသည့် လောက်ကိုင် ကိုးကန့်ဒေသမှ တိုက်ပွဲရှောင် ပြည်သူ ဒုက္ခသည်များ အား ထမင်းထုပ်၊ ထောက်ပံ့ငွေ၊ သောက်ရေသန့်များနှင့် စားသောက်ကုန်များကို ကိုယ်တိုင် ကိုယ်ကျ ထောက်ပံ့ လှူဒါန်းခဲ့ကြသလို ထိုကယ်ဆယ်ရေး စခန်းဖွင့်လှစ်ထားသည့် လားရှိုးမြို့နယ်သံဃနာယ က ဥက္ကဋ္ဌ ဆရာတော် ထံသို့လည်း တိုက်ပွဲရှောင် ပြည်သူများ အတွက် အသုံးပြု ထောက်ပံ့ ကူညီမှုများ ပြုလုပ်နိုင်ရန် အတွက် အလှူငွေကျပ် သိန်း ၁ဝဝ ကို လှူဒါန်းခဲ့ကြောင်း အသင်းဥက္ကဋ္ဌ ဦးဝေမင်းမောင်က ပြောသည်။

We Are One Myanmar လူငယ်ပရဟိတ အသင်းသည် သရုပ်ဆောင်များ၊ မော်ဒယ်များနှင့် အဆိုတော် များ၊ အနုပညာ လုပ်ငန်းရှင်များစုပေါင်း ဖွဲ့စည်းထားသော အသင်းအဖွဲ့ တစ်ခုဖြစ်ပြီး ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ တွင် စတင်ဖွဲ့စည်းခဲ့ကာ ပြည်သူများထံမှ ကောက်ခံရရှိသော အလှူငွေများကို ပရဟိတကိစ္စများအ တွက် ပြန်လည် လှူဒါန်းခြင်း ဖြစ်ကြောင်း၊ ယခု လောက်ကိုင်ဒေသမှ တိုက်ပွဲရှောင် ပြည်သူများ အတွက် လှူဒါန်းခြင်းမှာ ဒုတိယအကြိမ် ဖြစ်ပြီး ပထမ အကြိမ်အဖြစ် အလှူငွေကျပ် ၂၁၆ သိန်းကို ကချင်ပြည်နယ်မှ တိုက်ပွဲရှောင် ပြည်သူများအား လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment

My Blog List