Sunday, November 30, 2014

မန္တလေးမြို့တွင်းရှိ စက်မှုလက်မှုလုပ်ငန်းများ စက်မှုဇုန်သို့ ပြောင်းရန် ညှိနှိုင်း



မန္တလေးမြို့တွင်းမှ စက် မှုလက်မှုလုပ်ငန်းအချို့ကို စက်မှု ဇုန်သို့ ပြောင်းရွှေ့ရန် ညှိနှိုင်းနေ ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုဝန် ကြီးဦးကျော်မြင့်က ပြောသည်။ ‘‘တချို့က မြို့တွင်းပိုင်းမှာ လုပ်ငန်းလုပ်နေတာလေးတွေ ရှိ တယ်။ သူတို့ကို စက်မှုဇုန်ဘက် ပြောင်းရွှေ့လုပ်ကိုင်ပေးဖို့ ညှိနှိုင်း နေတယ်။ 



လျှပ်စစ်ဓာတ် အားသုံး စွဲတာတွေ၊ အသံဆူညံတာတွေ ကြောင့် ရပ်ကွက်နေသူတွေကို လည်း ထိခိုက်စေတယ်။ မြို့တွင်း ပိုင်း စက်မှုလုပ်ငန်းလုပ်တာကို ပြည်ထောင်စု ကလည်း သိပ်လက် မခံဘူး’’ ဟု ဦးကျော်မြင့်က ပြော သည်။အများအပြား မဟုတ်သော် လည်း မြို့တွင်းတွင် စက်မှုလုပ် ငန်း လုပ်ကိုင်မှုများရှိနေပြီး ပုံနှိပ် လုပ်ငန်းကဲ့သို့ စက်မှုလုပ်ငန်းအ ချို့ကို မြို့တွင်း၌ ဆက်လက်လုပ် ကိုင်ခွင့်ပြုမည် ဖြစ်သော်လည်း သံရည်ကျိုလုပ်ငန်းကဲ့သို့ လျှပ် စစ်ဓာတ်အားသုံးစွဲမှုများသော၊ ပတ်ဝန်းကျင်အနှောင့်အယှက် ဖြစ်စေသော လုပ်ငန်းများ စက်မှု ဇုန်သို့ ပြောင်းရွှေ့ရမည်ဟု ဦးကျော်မြင့်ကဆိုသည်။

မြို့တွင်းမှ စက်မှုလက်မှု လုပ်ငန်းများမှာ တွင်ခုံ၊ ၀ပ်ရှော့ ကဲ့သို့ လုပ်ငန်းငယ်များသာဖြစ် ပြီး အများစုမှာ ၂၀၀၀ ပြည့်နှစ်

ဝန်းကျင်က စက်မှုဇုန်ဘက် ပြောင်းရွှေ့ခဲ့သော်လည်း အဆင်မပြေသည့်အတွက် မြို့တွင်းဘက် ပြန်လည်ပြောင်းရွှေ့
လုပ်ကိုင်နေ ကြခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။ မြို့တွင်းမှ စက်မှုလက်မှုလုပ်ငန်းများ စက်မှုဇုန် ဘက် ပြန်လည်

ပြောင်းရွှေ့လုပ်ကိုင်ရမည်ဆိုလျှင် အခက်အခဲ များကြုံတွေ့ကာ လုပ်ငန်းပိတ် သိမ်းရမှုများ ရှိနိုင်သည်ဟု မန္တလေးစက်မှု ဇုန်လုပ်ငန်းရှင်အချို့က ပြောသည်။

မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်နှင့် အောင်မြေသာစံ မြို့နယ် မြောက်ပြင်တွင် စက်မှု လက်မှုလုပ်ငန်း လုပ်ကိုင်မှုများ ရှိနေကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။

စိန်ပန်းရပ်ရှိ စက်မှုလက်မှု လုပ်ငန်းများကို ၂၀၀၀ ပြည့်နှစ် ၀န်းကျင်အတွင်း စက်မှုဇုန်တွင် မြေကွက်များပေးအပ်ကာ ပြောင်းရွှေ့လုပ်ကိုင်စေခဲ့သော်လည်း လုပ်ငန်း အဆင်မပြေမှုများ ကြောင့် အချို့က မြို့တွင်းဘက် ပြန်လည်ပြောင်းရွှေ့ သွားခဲ့ကြ သည်ဟု စက်လက်မှုလုပ်ငန်းရှင် များကဆိုသည်။

မန္တလေးစက်မှုဇုန်တွင်း ဖော် ထုတ်ထားသော ဇုန်မြေကွက်စုစု ပေါင်း ၃၉၀၀ ကျော်ရှိပြီး မြေ ကွက် ၁၉၀၀ ကျော်သာ စက်မှု လုပ်ငန်းလုပ်ကိုင်ကာ ကျန်မြေ ကွက်များမှာ မြေကွက်လွတ်များ၊ ဂိုဒေါင်များနှင့် အခြားနည်းများဖြင့်အသုံးပြုနေ သည်ဟု စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီမှ သတင်းရရှိ သည်။ စက်မှုဇုန်တွင် မြေကွက် ရယူထားသူများအနေဖြင့် ဒီဇင်ဘာလကုန် နောက်ဆုံးထားကာ လုပ်ငန်းစီမံချက်တင်ပြရန် စက်မှု ဇုန်စီမံခန့်ခွဲရေးကော်မတီကကြေညာချက် ထုတ်ပြန်ထားသည်။

7Day News Journal

No comments:

Post a Comment

My Blog List