အိုဆာကာ တက္ကသိုလ်ရဲ့ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံကိုရောက်နေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမင်းကိုနိုင်ဟာ အိုဆာကာမြို့ တက္ကသိုလ်မှာ လက်ရှိ မြန်မာအစိုးရ လက်အောက်က အရပ်ဘက်လူ့အဖွဲ့ အစည်းများအခြေအနေ ခေါင်းစဉ်နဲ့ ဒီနေ့ ဟောပြောခဲ့ပါတယ်။
ဟောပြောပွဲကို ဂျပန် တက္ကသိုလ်က ပါမောက္ခတွေ၊ ကျောင်း သားကျောင်းသူတွေ နဲ့၊ ဂျပန်နိုင်ငံမှာ ပညာလာရောက် သင်ကြားနေ တဲ့ မြန် မာကျောင်းသားတွေ၊ ၂၀၀ နီးပါးတက်ရောက် နားထောင်ခဲ့ပါတယ်။
တက်ရောက်လာ သူတွေက ဦးမင်းကိုနိုင် ရဲ့ ထောင်တွင်း အတွေ့အကြုံ၊ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေ မေးမြန်းသလို၊ ဟောပြောပွဲအပြီးမှာ ဂျပန်သတင်းမီဒီယာတွေကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာတော့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အထူးစိတ်ဝင်တစား မေးမြန်းခဲ့ကြပါ တယ်။
ဦးမင်းကိုနိုင်ဟာ ဂျပန်နိုင်ငံမှာ ရောက်ရှိနေချိန်အတွင်း ဂျပန်လွှတ်တော် အမတ်တွေ အပါအ၀င် ဂျပန်နိုင်ငံရဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပြီး ဒီဇင်ဘာ ၆ ရက်နေ့မှာလည်း ဆိုဖိယာတက္ကသိုလ် မှာ ဟောပြောဖို့ ရှိပါတယ်။
DVB
No comments:
Post a Comment