အလုပ်သမား၊ တောင်သူလယ်သမားနှင့် ရွှေ့ပြောင်းအလုပ်သမားအဖွဲ့ချုပ် ငါးခုတို့ ပူးပေါင်း၍ အင်အားကြီး အဖွဲ့ချုပ် တစ်ရပ်အဖြစ် ဖွဲ့စည်းရန် နိုဝင် ဘာ ၂၈ ရက်က နားလည်မှုစာ ချွန်လွှာလက်မှတ်ရေးထိုးခဲ့သည်။၂၀၁၂ မှစ၍ အသင်းအဖွဲ့များဖွဲ့စည်းခွင့်ပြုပြီးနောက် သုံးနှစ်အတွင်း အလုပ်သမား၊ လယ်သမား အဖွဲ့ချုပ် ငါးခုမှ ပထမအကြိမ် သွေးစည်းညီညွတ်ရေးအဖွဲ့အစည်းတစ်ရပ်အဖြစ် ဖွဲ့စည်းရန် ရည်ရွယ်ချက်ရှစ်ချက် ဖြင့် နိုဝင်ဘာ ၂၈ ရက်က လက်မှတ်ရေးထိုးခဲ့သည်။
လက်မှတ်ရေးထိုးခဲ့သည့် အဖွဲ့ချုပ်ငါးခုမှာ မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုး ရေးအလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (AFFM-IUF)၊ မြန်မာ နိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့ ချုပ် (MTUF)၊ မြန်မာနိုင်ငံဆိုင်ရာ ဆရာမများအဖွဲ့ချုပ် (MTF)၊ မြန် မာပင်လယ်ရေကြောင်းအလုပ် သမား အဖွဲ့ချုပ် (MMWF)၊ မြန်မာနိုင်ငံ ရွှေ့ပြောင်းအလုပ် သမား အခွင့်အရေး ကွန်ရက် (MWRN)တို့ဖြစ်သည်။
တရားမျှတသည့် လူမှုအကျိုးစီးပွားကောင်းတစ်ရပ်ပေါ် ပေါက်ရန်၊ နိုင်ငံရေးအသွင်ကူး ပြောင်းနေစဉ် အလုပ် သမား၊ လယ်သမားအင်အားကြီးတစ်ရပ် ပေါ်ပေါက်ရန်၊ အလုပ်သမား၊ လယ်သမားကဏ္ဍပေါင်းစုံ စွမ်း ဆောင်ရည်မြင့်မားရန်အသိပညာ များပေးခြင်း၊ လုပ်ငန်းကဏ္ဍ အသီးသီးရှိ အလုပ်သမား၊ လယ်သမားမည် သူမဆို မဟာဗျူဟာ ကျ စည်းရုံးလှုံ့ဆော်လှုပ်ရှားမှုများ လက်တွဲသွားရန်၊ လုပ်သား ဈေးကွက် တည်ငြိမ်ပြီး အလုပ် သမား၊ လယ်သမား လုံလောက် သောပုံမှန်ဝင်ငွေလုပ်ခလစာရရှိ ရန်တို့ဖြစ်သည်။
ထို့အပြင် အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့် အငြင်းပွားမှု ဖြေရှင်းရေးဥပဒေတို့ပြုပြင်ရန်၊ စည်းရုံးတည် ဆောက်ခွင့်နှင့် စုပေါင်းညှိနှိုင်းအရေးဆိုခွင့် ILO ပြဋ္ဌာန်းချက်အမှတ် ၉၈၊ ၁၄၄ တို့ ကို မြန်မာအစိုးရလက် မှတ်ရေးထိုး ရန်ဆောင်ရွက်မည်ဖြစ်ပြီး မြန်မာ နိုင်ငံအလုပ်သမား၊ လယ်သမား ထုတစ်ရပ်လုံး ကိုယ်စားပြု သည့် နိုင်ငံလုံးဆိုင်ရာအဖွဲ့ချုပ်အဖြစ် ခိုင်မာစွာရပ်တည်သွားရန်လည်း ရည်ရွယ်ထားသည်ဟုဆိုသည်။
‘‘ဒီအစိုးရ လက်ထက်မှာ အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်ရလာတယ်။ ကောင်းပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းခွင့် ပါဝင်ခွင့်သာရှိတာ။ အခုအချိန်ထိ ဘာမှမပြောင်းလဲမရေရာတာတွေပဲ ရှိသေးတယ်။ ထင်သာမြင်သာ ဘာမှမရှိသေးဘူး။ ကျွန်တော်တို့ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေမှာ သယံဇာတတွေသာ ပါသွားတယ်။ အလုပ် အကိုင်ဘာမှမရခဲ့ဘူး။ အဲဒီလောက်နဲ့မလိမ်နဲ့။ အဲလောက်နဲ့မလုပ်နဲ့၊ စုပေါင်းပြီးတောင်းဆိုသွားမယ်’’ ဟု AFFM အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးဦးဇာနည်သွေးက ပြောသည်။
၎င်းတို့က အနည်းဆုံး အခကြေးငွေ နှုန်းထား အမြန်ဆုံး ထွက်ရှိရန် တင်ပြမည်ဖြစ်ပြီး လာမည့် ၂၀၁၅ ဧပြီ လမတိုင်မီ အပြင်းအထန် တောင်းဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
7 day
No comments:
Post a Comment