Monday, September 29, 2014

အစိုးရတပ်နှင့် ဒီကေဘီအေ သုံးရက်ဆက်တိုက်ပွဲဖြစ်



အစိုးရတပ်နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တို့ကြား သုံးရက်ဆက် တိုက်တိုက်ပွဲများ ပြန်လည်ဖြစ် ပွားနေကြောင်း သတင်းရရှိသည်။ စက်တင်ဘာ ၂၆ ရက်က ကျိုက်မရောမြို့နယ် ကလိုင်ကနိုင် ကျေးရွာတွင် အစိုးရ တပ်နှင့်DKBA တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ၂၇ရက်တွင် မြ၀တီမြို့ အမှတ်(၄)ရပ်ကွက် အာရှလမ်းမ ကြီးဘေး၌ တိုက်ပွဲထပ်မံဖြစ်ပွား ခဲ့သည်။ ထို့နောက် စက်တင်ဘာ၂၈ရက်တွင် ကျိုက်မရောမြို့နယ် ငါးပြေမကျေးရွာ အနီး၌ အစိုးရတပ်နှင့် DKBA တို့ ဆက်လက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း ဒီကေဘီအေဘက်မှ နှစ်ဦးကျသည်ဟု မြ၀တီရှေ့တန်းရုံးမှ တပ်မတော်အရာရှိတစ်ဦးကပြောသည်။ ထို့အပြင် မြ၀တီမြို့ ရှေ့တန်းရုံးသို့ ဒီကေဘီအေဘက်မှ တပ်ဖွဲ့ဝင်ခြောက်ဦး လာရောက် လက်နက်ချခဲ့သည် ဟု ၎င်းကဆိုသည်။  ထို့ကြောင့် ဗိုလ်မှူးတိုက်ဂါးမှာ တော ခိုသွားသည်ဟု ယူဆထား ကြောင်း အထက်ပါဗိုလ်မှူးက ပြောသည်။

တိုက်ပွဲ ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ DKBA သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ‘‘မနက် ၉ နာရီကျော် လောက်ကစဖြစ်တာ။ ကျွန်တော် တို့လည်း အလုပ်အရမ်းရှုပ်နေလို့ ပါ’’ဟု ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောကြားခဲ့ပြီး အသေး စိတ်ကို ပြောကြားခဲ့ခြင်း မရှိပေ။

‘‘DKBA က သူ့အဖွဲ့သူမနိုင် ပါဘူး။ အခုဖြစ်စဉ်က အပေါ်က လူတွေသိချင်မှ သိပါမယ်။ အောက်ခြေ အဆင့်တွေကနေ ငြိမ်းချမ်းရေးဗန်းပြသေနတ်ကိုင် လုပ်စားနေကြတာပါ။ သူတို့မှာ အပေါ်နဲ့ အောက်မညီတဲ့အတွက် ဘယ်လိုမှ ကွပ်ကဲလို့ မရနိုင်ဘူး ဖြစ်နေတာပါ။ တကယ်ခေါင်း ဆောင်တွေကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ထိခိုက်အောင် မလုပ်လောက် ပါဘူး’’ဟု တပ်မတော်အရာရှိတစ်ဦးက ဆိုသည်။

ကော့ကရိတ်မြို့ အနီးတစ်ဝိုက်တွင် နှစ်ဖက်တပ်များမှာ အခြေအနေတင်းမာနေကြောင်း ဒေသခံများက ပြောသည်။

‘‘မြို့လယ်ကောင်၊ တောင် ပေါ်ကျောင်း ပရိယတ္တိစာသင် တိုက်မှာ စက်တင်ဘာ ၂၇ ရက်တုံးက ဘာသာပေါင်းစုံ ချစ် ကြည်ရေးပွဲလုပ်နေတုန်း တပ်ရင်း ၅၄၅ က စစ်ကား ခုနစ်စီးရောက် လာပြီးတော့ အားလုံးကို သိမ်း ခိုင်းပြီးတော့ တပ်က နေရာယူ ထားလိုက်တယ်။ ကော့ကရိတ်နဲ့ တစ်မိုင်လောက်ဝေးတဲ့ တမိုင် ကုန်းရွာကနေ ဒီကေဘီအေက ပိတ်ထားပြီး ဒီဘက်ကို အ၀င်မခံ ဘူး။ အကူးအသန်းကို တားထား တာပေါ့။ ဟိုဘက်၊ ဒီဘက်လက် နက်ကြီးတွေနဲ့ ချိန်ထားတဲ့ပုံစံပါ။ သူတို့ပစ်မှတ်တွေက ရှိပြီးသားပဲ ဟာ။ အခုလိုဖြစ်နေတော့ ဆေးကု မယ့်လူတွေလည်း မလာဘူး။ 


နယ် လှည့်ပြီး ဈေးရောင်းနေသူတွေ လည်း မလာဘူး။ ဒီကေဘီအေ ကလည်း မြို့ထဲသွားမယ့်လူတွေကို အ၀င်မခံ ဘူး’’ဟု ကော့ကရိတ် မြို့အနီးအစိုးရနှင့် ဒီကေဘီအေ အခြေအနေတင်းမာနေမှုနှင့် ပတ် သက်၍ ဒေသခံတစ်ဦးကပြော သည်။ ထို့အပြင် မြ၀တီမြို့ မြေနီကုန်းရပ်ကွက်တွင် စက်တင်ဘာ ၂၈ ရက် ညနေက မြ၀တီရှေ့တန်းရုံးတပ်ရင်းမှူး ဦးစီးပြီး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော အင်အား ၆၀ ခန့်သည် အပစ်ရပ်အဖွဲ့အစည်းများနှင့် ပတ်သက်သော နေအိမ်များကို ၀င်ရောက်ရှာဖွေခဲ့သည်။ 


ထို့နောက် လက်နက်ခဲယမ်းနှင့် ပတ်သက်သော ပစ္စည်း၊ ယူနီဖောင်း ၀တ်စုံများကိုပါသိမ်းဆည်းသွားကြောင်း အဆိုပါရပ်ကွက်တွင် နေထိုင်သူတစ်ဦးကပြောပြီး တစ်ဖက်ကလည်း အတည်ပြုပေးသည်။

အစိုးရတပ်နှင့် ပူးပေါင်းလုံ ခြုံရေးဆောင်ရွက်နေသော နယ် ခြားစောင့်တပ် (BGF) မှ အရာရှိ တစ်ဦးကလည်း စက်တင်ဘာ ၂၇ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သော မြ၀တီမြို့တွင် လုံခြုံရေးတိုးမြှင့် ထားပြီး အခြေအနေငြိမ်သက်နေ ကြောင်း ပြောသည်။

‘‘ပုံမှန်ထက် လုံခြုံရေးတိုး ထားတယ်။ အခြေအနေကတော့ ကြောက်ဖို့ကောင်းလောက်အောင် ငြိမ်သက်နေတယ်’’ဟု BGF မှ ဗိုလ်မှူး သိန်းဇော်မင်းက ပြောသည်။

‘‘မနေ့က မြ၀တီမြို့ မင်းပဒု မ္မာဝင်းထဲမှာရှိတဲ့ ဂိမ်းဆိုင်ကို စစ် တပ်က ၀င်ရောက်ရှင်းလင်းတာ DKBA အဖွဲ့နဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး DKBA အဖွဲ့ဆုတ်ခွာ သွားတဲ့အချိန်မှာ အဲဒီဂိမ်းဆိုင်ထဲ ကို ၀င်ရှာတော့ စိတ်ကြွဆေးပြား တွေမိတယ်။ နင်းမိုင်းထောင်ထား တာတွေလည်း ရှင်းခဲ့တယ်။ လက်ရှိတော့ အခြေအနေတည်ငြိမ်နေ ပါတယ်’’ဟု တပ်မ (၂၄) မှ တပ် မတော်အရာရှိတစ်ဦးက မြ၀တီမြို့တွင် စက်တင်ဘာ ၂၇ ရက်တွင်ဖြစ်ပွားခဲ့သော အခြေအနေနှင့် ပတ်သက်၍ ပြောသည်။

အဆိုပါ ဂိမ်းဆိုင်အတွင်းမှ ကာလတန်ဖိုး ကျပ်သိန်း ၄၀ နီးပါးရှိစိတ်ကြွဆေးပြားများသိမ်းဆည်းနိုင်ခဲ့သည်ဟု ဆိုသည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာက အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေးထိုးထားသော DKBA နှင့် အစိုးရတို့ကြား ပြီးခဲ့သည့် ရက်ပိုင်းအ တွင်း အခြေအနေပြန်လည်တင်း မာလာခဲ့ခြင်း ဖြစ်သည်။ စက်တင် ဘာ ၁၈ ရက်က မြ၀တီမြို့ပေါ် တွင် စည်းကမ်းမဲ့မောင်းနှင်လာ သော DKBA တပ်ဖွဲ့ဝင်များ မောင်းနှင်လာသည့်ကားကို အစိုး ရပူးပေါင်းလုံခြုံရေးတပ်ဖွဲ့မှ ဟန့် တားရာ လက်မခံဘဲ သေနတ်ဆွဲ ထုတ်သဖြင့် ပစ်ခတ်ရာမှ DKBA အရာရှိတစ်ဦးနှင့် ရဲဘော်တစ်ဦးဒဏ်ရာ ရခဲ့သည်။ ယင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် အစိုးရနှင့် DKBA တို့ကြား အခြေအနေ ပြန်လည်တင်းမာလာခဲ့ခြင်း ဖြစ်သည်။

လတ်တလော အခြေအနေ များနှင့်ပတ်သက်၍ မြန်မာ့တပ်မ တော်မှ စစ်ဆင်ရေးအထူးအဖွဲ့မှူး(ကစထမှူး) ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက DKBA အနေဖြင့် လက်အောက်ခံတပ်များကို ထိန်း သိမ်းရန် သတိပေးစာပေးပို့ထား သည်။

တင်းမာမှုများဖြစ်ပွားခဲ့ခြင်း နှင့် ပတ်သက်၍ စက်တင်ဘာ ၂၂ ရက်မှ စတင်ပြုလုပ်ခဲ့သော တစ် နိုင်ငံလုံးအပစ်ခတ်ရပ် စဲရေး ဆွေးနွေး ပွဲအတွင်း ဆွေးနွေးရန် တင်ပြခဲ့သော်လည်း အစိုးရဘက် မှ ထည့် သွင်းဆွေးနွေးခဲ့ခြင်းမရှိကြောင်း ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောသည်။


7Day Daily

No comments:

Post a Comment

My Blog List