ကလေးနည်းပညာတက္ကသိုလ်တွင် ပျောက်ဆုံးသွားသောစာမေးပွဲအဖြေလွှာများကို ပြန်လည်ဖြေဆိုရန် မလိုအပ်တော့ဘဲ ဂုဏ်ထူးမှတ်သတ်မှတ်ပေးရန် နည်းပညာတက္ကသိုလ်ပညာရေးအဖွဲ့က ဆုံးဖြတ်လိုက် သည်။
ကျောင်းသားများဖြေဆိုပြီးသော စာမေးပွဲအဖြေလွှာများ ဖောက်ထွင်းခိုးယူ ခံလိုက်ရပြီးနောက် ပျောက်ဆုံး သွားသောဘာသာရပ်များကို ပြန်လည်ဖြေဆိုရန် ယင်းတက္ကသိုလ်က ကြေညာခဲ့သော်လည်းကျောင်းသား များ၏ ဆန္ဒအရကြေ ညာချက်ကို ပြင်ဆင်လိုက်ခြင်းဖြစ်သည်။
‘‘သာမန်အအောင်ပေးရုံတင်မကပါဘူး။ ဂုဏ်ထူးမှတ်ဖြစ်ဖို့ လိုအပ်တဲ့အတွက်လိုအပ်တဲ့အဆင့်ကိုပေးမှာဖြစ် ပါတယ်။ ကျောင်းသားတွေနဲ့ ပြန်ညှိနှိုင်းတော့ ပြန်မဖြေချင်ကြ ဘူး။ အားကုန်သွားပြီဆိုတဲ့အတွက် သဘောတူလိုက်တာပါ’’ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်တစ်ဦးကပြောသည်။
ကလေးနည်းပညာတက္ကသိုလ်တွင် စက်တင်ဘာ ၁၇ရက်က စာမေးပွဲအဖြေလွှာများပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး အဖြေလွှာအချို့ကို တက္ကသိုလ်နံဘေးရှိ ရေမြောင်းတွင်းမှဆယ်ယူ နိုင်ခဲ့သော်လည်း အချို့အဖြေလွှာများမှာ ပျောက် ဆုံးနေဆဲဖြစ်သည်။
စာမေးပွဲအဖြေလွှာများပျောက်ဆုံးခြင်းကြောင့် ကလေးနည်းပညာတက္ကသိုလ် ပါမောက္ခချုပ်ကို တာဝန်မှ ရပ်ဆိုင်းလိုက်ပြီး အဖြေလွှာများခိုးယူခဲ့သူကို အထူးစုံစမ်းရေးအဖွဲ့များ နှင့် စုံစမ်းစစ်ဆေးရှာဖွေလျက် ရှိသည်။
ကလေးနည်းပညာတက္ကသိုလ်တွင် မေးခွန်းအဖြေလွှာများဖောက်ထွင်းခိုးယူ ခံရမှုနှင့်ပတ်သက်၍ အဆင် ပြေစွာဖြေရှင်းဆောင်ရွက်နိုင်ရေးကျောင်းသားများအနေဖြင့် ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်တောင်းဆိုထား
ကြောင်းအထက်ပါ ပုဂ္ဂိုလ်ကဆိုသည်။
ပျောက်ဆုံးသွားသော စာမေးပွဲအဖြေလွှာများကို ပြန်လည်ဖြေဆိုရန် လိုအပ်တော့မည်မဟုတ်ဘဲ ဂုဏ်ထူး မှတ်သတ်မှတ်ပေးမှုကို ကလေးနည်းပညာတက္ကသိုလ်ကျောင်းသားများက ကျေနပ်လက်ခံခဲ့ကြကြောင်း သိရသည်။
ဓာတ်ပုံ − ကိုစိုင်း
7Day Daily
No comments:
Post a Comment