Thursday, September 25, 2014

အိုင်အက်စ်အဖွဲ့က ပြင်သစ်နိုင်ငံသားကို ခေါင်းဖြတ်သတ်မှု သမ္မတ ရှုတ်ချ



ပြင်သစ်သမ္မတ ဖရန့်ဆွာ ဟော်လန်ဒီက အယ်လ်ဂျီးရီးယားနိုင်ငံမှာ ပြင်သစ်နိုင်ငံ သား တဦးကို အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ်အကြမ်းဖက် အဖွဲ့ခွဲတခုက ခေါင်းဖြတ် သတ်ဖြတ်လိုက်မှုကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့က အပြင်းအထန် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
ရက်စက်ပြီး သူရဲဘောကြောင်တဲ့လုပ်ရပ်လို့ ပြောဆိုခဲ့ပြီး အိုင်အက်စ်အကြမ်းဖက်တွေကို တိုက်ခိုက်နှိမ်နင်းမှုတွေကို ဆက်လုပ်သွားမယ်လို့ ပြင်သစ်သမ္မတက ပြောဆိုပါတယ်။

အယ်လ်ဂျီးရီးယားနိုင်ငံကလည်း သတ်ဖြတ်သူတွေကို ဖမ်းဆီးရုံးတင်နိုင်ရေး အစွမ်းကုန် လုပ်ဆောင်သွားမယ်လို့ အယ်ဂျီး ရီးယားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ခေါင်းဖြတ်သတ်ဖြတ်ခံရသူ ပြင်သစ်နိုင်ငံသားဟာ အသက် ၅၅ အရွယ်ရှိ ဟာဗီ ဂေါအ်ဒယ်လ် (Herve Gourdel) ဆိုသူ ဖြစ်ပြီး ပြင်သစ်နိုင်ငံ နိုက်စ်မြို့က တောင်တက် လမ်းပြတဦး ဖြစ်ပါတယ်။

မော်ရိုကိုတောင်တန်းတွေမှာလည်း တောင်တက်လမ်းပြအဖြစ် အနှစ် ၂၀ လောက် လုပ်ကိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

အိုင်အက်စ်အကြမ်းဖက်တွေဟာ သြဂုတ်လကစပြီး အနောက်နိုင်ငံသား ၃ ဦးကို ခေါင်းဖြတ် သတ်ဖြတ်ခဲ့ပြီး သူတို့ သတ်ဖြတ်ခံရတဲ့ ဗွီဒီယိုတွေ အားလုံးကိုလည်း အင်တာနက်ပေါ် တင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဆီးရီးယားနိုင်ငံမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံသား တဦးကို ထပ်ပြီး ခေါင်းဖြတ်သတ်ဖြတ်ဖို့လည်း ခြိမ်းခြောက်ထားပါတယ်။

ပြင်သစ်နိုင်ငံသားကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့တဲ့ ဂျန်ဒ် အယ်လ် ခါလီဖာ (Jund al-Khilafa) စစ်သွေးကြွတွေဟာ အာဖရိက


မြောက်ပိုင်း အယ်ကိုင်ဒါအဖွဲ့ခွဲတခု ဖြစ်ခဲ့ပြီး စက်တင်ဘာ ၁၄ ရက်နေ့က အိုင်အက်စ်အကြမ်းဖက်အဖွဲ့ရဲ့ လက်အောက်ခံ အဖွဲ့ခွဲတခု ဖြစ်လာခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List