Friday, September 26, 2014

ကာကွယ်ရေးကိစ္စများမှအပ ဌာန၀န်ထမ်းများအား လူ့အခွင့်အရေးကော်မရှင် အသစ် ခေါ်ယူမေးမြန်းနိုင်ဟုဆို



သမ္မတရုံးမှထုတ်ပြန်သော လူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းကြောင်းကြေ ညာချက်အသစ်ဖွဲ့စည်းလိုက်သည့် မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့်အရေးကော် မရှင်သည် နိုင် ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးကိစ္စများမှအပ အစိုးရဌာန၀န်ထမ်းများ အား ခေါ်ယူမေးမြန်းနိုင် သကဲ့သို့ အချက်အလက်များလည်း တောင်းယူနိုင်သည့် လုပ်ပိုင်ခွင့်များရလာမည်ဖြစ်ကြောင်း ကော်မရှင်သစ်၏ ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်ကပြောကြားသည်။
၂၀၁၁ စက်တင်ဘာအတွင်းက ဖွဲ့စည်းခဲ့သည့် သုံးနှစ် ကျော်ကြာသက်တမ်း ရှိပြီဖြစ် သော မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်ကို ဖျက် သိမ်းပြီး အဖွဲ့ဝင် ၁၁ ဦးပါသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်တစ်ခုကို သမ္မတက ထပ်မံဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး စက်တင် ဘာ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။

ကော်မရှင်များဖွဲ့စည်းရာတွင် အခြေခံဥပဒေအရ ဖွဲ့စည်း ခြင်း၊ ဥပဒေအရဖွဲ့ စည်းခြင်းနှင့် အမိန့်ဒီကရီတို့အရ ဖွဲ့စည်းခြင်း တို့ရှိသည့်အနက်အသစ်ဖွဲ့စည်း လိုက်သည့် မြန်မာနိုင်ငံအမျိုး သားလူ့အခွင့်အရေးကော်မရှင် သည် အခိုင်မာ ဆုံးဖြစ်သည့် ဥပ ဒေအရ ဖွဲ့စည်းခြင်းဖြစ်ကြောင်း ဦးစစ်မြိုင်ကပြောသည်။

‘‘အဲဒီ(သုံးခု)ထဲကမှ အခု အသစ်ဖွဲ့လိုက်တဲ့ လူ့အခွင့်အရေးကော်မရှင်ဟာ ဒုတိယအခိုင်မာ ဆုံးဖြစ်တဲ့ ဥပဒေနဲ့ ဖွဲ့စည်း လိုက်တဲ့ အတွက် ဖျက်သိမ်းလို့ မရပါဘူး။ လူလဲလို့ပဲရပါတယ်။ အရင်က တော့ အမိန့်အရပဲ ဖွဲ့စည်းထား တဲ့အတွက် ပြန်ပြီးဖျက်ချင်တယ် ဆိုရင်ရပါတယ်’’ဟု ဦးစစ်မြိုင်က ပြောသည်။

သမ္မတအမိန့်ဖြင့် ပယ်ဖျက် လိုက်သည့် လူ့အခွင့်အရေးကော် မရှင်ဟောင်းသည် ၎င်း၏ သက် တမ်းတစ်လျှောက်တွင် ပြည်သူ များအတွက် လူ့အခွင့်အရေး ကာ ကွယ်မှုတွင်လုံလောက်မှုမရှိ ကြောင်း မကြာခဏ ဝေဖန်မှုများ ခံထားရသည်။

မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်ဖွဲ့စည်းပြီး မှ ပိုမိုဆိုးရွားသည့် လူ့အခွင့်အ ရေးချိုးဖောက်မှုများပေါ်ပေါက် နေကြောင်း ထိုင်း-မြန်မာနယ်စပ်မှ တစ်ဆင့် မြန်မာနိုင်ငံလူ့အခွင့် အရေးအခြေအနေကို ကာလရှည် ကြာလေ့လာဝေဖန် မှုများပြုလုပ် ခဲ့သည့် မြန်မာ့အရေးပူးပေါင်း ဆောင်ရွက်သူများအဖွဲ့ တာဝန်ခံ ဒေါ်ခင်ဥမ္မာကပြောသည်။

အစိုးရသစ်လက်ထက်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ သည် တပ်မတော် အစိုးရလက် ထက်ကပြုလုပ်ခဲ့သည့် အပြုအမူ များအတိုင်းဆက်လက်ပြုလုပ်နေ ဆဲဖြစ်သည့်အပြင် ပုံစံအသစ်ဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ထပ်မံပြုလုပ်နေ ဆဲဖြစ်ကြောင်း ဒေါ်ခင်ဥမ္မာကဝေဖန်ခဲ့သည်။

ကျယ်ပြန့်ပြီး စနစ်တကျဖြစ် ပေါ်ခဲ့သော ရခိုင်ဒေသအကြမ်း ဖက်မှုများ၊ စစ်မြေပြင်တွင် မြန်မာ့တပ်မတော် ကျူးလွန်ခဲ့သည့် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု အပါအ၀င် လူ့အခွင့်အရေးချိုး ဖောက်မှုများကို ဖျက်သိမ်းခဲ့ သည့် မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်က ၎င်းတို့ ၏ လုပ်ပိုင်ခွင့်တာဝန်ကို အပြည့် အ၀အကောင်အထည်မဖော်ဘဲ ပြည်သူ့ဘက်တော် သားအဖြစ် ရပ်တည်ပေးခဲ့ခြင်းမရှိကြောင်း လည်း မြန်မာ့အရေးပူးပေါင်း ဆောင်ရွက်သူများအဖွဲ့၊ ညီမျှ ခြင်းမြန်မာနှင့် Asia Forum For Human Right and Deve-lopment တို့ ပူးပေါင်းပြုလုပ် သည့် အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

‘‘လူ့အခွင့်အရေးချိုးဖောက် မှုတွေများလာတာ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတာ၊ အစိုးရရဲ့လုပ် ကွက်တွေ ပါးနပ်မှုရှိလာတာ ရယ် ကြောင့် လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်ဟာ စိတ်ပျက် ဖွယ်ဖြစ်နေဆဲပါ။ လုံလောက်မှု လည်းမရှိပါဘူး’’ဟု Asian Forum for Human Right and Development မှ မစ္စတာဂျိုးစက် ခူဝန်က ပြောသည်။

‘‘ကော်မရှင်အဖွဲ့ဝင်ရွေး ချယ်တာတွေ၊ နောက်ပြီးလုပ်ငန်း ဆောင်ရွက်မှုအဆင့်ဆင့်တွေရဲ့ ဆုံးဖြတ်ချက်တွေမှာ အမြဲတမ်း သမ္မတရုံးကိုပဲ ရောက်ရောက် သွားတယ်။ နိုင်ငံအတွင်း အင် မတန်ဆိုးရွားတဲ့အချို့လူ့အခွင့် အရေးချိုးဖောက်မှုတွေကို ကိုင် တွယ်လိုစိတ်မရှိတာကို တွေ့ရ တယ်။ လူထုက ကော်မရှင်အပေါ် ယုံကြည်မှုပျောက်ဆုံးလာပါ တယ်’’ဟု ညီမျှခြင်း-မြန်မာ၏ အထွေထွေညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောသည်။

လူ့အခွင့်အရေးလှုပ်ရှားသူ များဘက်က ပြုလုပ်ခဲ့သည့် ဝေ ဖန်ပြစ်တင်မှုများအတွက် သီးခြား မှတ်ချက်ပေးလိုခြင်း မရှိကြောင်း ကော်မရှင်ဟောင်းတွင် အတွင်း ရေးမှူးအဖြစ်လည်းကောင်း၊ ကော်မရှင်သစ်တွင် ဒုတိယဥက္ကဋ္ဌ အဖြစ် လည်းကောင်း ဆောင်ရွက် နေသည့် ဦးစစ်မြိုင်ကပြောသည်။

၂၀၁၁ ခုနှစ်မှစ၍ ၂၀၁၄ ခုနှစ်သြဂုတ်လအထိ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မ ရှင်သို့ တိုင်ကြားသည့် အမှုပေါင်း ၇,၁၀၀ ကျော်အထိ ရှိခဲ့ပြီး အစိုးရ အဖွဲ့ရုံးသို့ သုံးသပ်တင်ပြ တိုက် တွန်းသော အမှုပေါင်း ၁,၉၈၆မှု၊ လူပုဂ္ဂိုလ် များအား ပြန်ကြားသည့် အမှုပေါင်း ၁,၁၆၅ မှုနှင့် ဆက် လက်ဆောင်ရွက်ရန် မလိုသည့် အမှုပေါင်း ၃,၇၂၉ မှုအထိရှိခဲ့ပြီး ဆောင်ရွက်ရန်ကျန်သည့် အမှု ပေါင်း ၂၅၁ မှုကျန်ရှိနေသေး ကြောင်းလည်း ကော်မရှင်က ထုတ်ပြန်သည့် စာရင်းဇယားများ အရသိရသည်။

ယခင်ကော်မရှင်ဟောင်း လုပ်ဆောင်ခဲ့သည့် စိစစ်ဆဲကိစ္စ များကို ကော်မရှင်သစ်က ဆက် လက်လုပ်ဆောင်သွားမည်ဖြစ် ကြောင်းလည်း ဦးစစ်မြိုင်ကပြောသည်။

7Day Daily

No comments:

Post a Comment

My Blog List