Tuesday, September 23, 2014

ဝမ်ပေါင်ကုမ္ပဏီမှ တရားစွဲထားသည့် မဖြူနှင်းထွေးကို ရုံးထုတ်








လက်ပံတောင်းတောင်ကြေးနီစီမံကိန်း မှ တရုတ်နိုင်ငံသား ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်ရာတွင် ပါဝင်သည်ဟု စွပ်စွဲချက်ဖြင့် ဝမ်ပေါင်ကုမ္ပဏီမှ တရားလိုပြုလုပ်တိုင်တန်းထားသည့် ဗကသကျောင်းသူ မဖြူနှင်းထွေးအား စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်တရားရုံးတွင် ယနေ့မွန်းလွဲပိုင်းက ရုံးထုတ်ခဲ့သည်။

တရားရုံးတွင် တရားလိုဖြစ်သည့် မြန်မာ-ဝမ်ပေါင် စီမံကိန်းမှ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးလှစိန် နှင့် တရားလိုပြသက်သေ များအဖြစ် ယင်းမာပင်ခရိုင် အုပ်ချုပ်ရေးမှူး၊ဝမ်ပေါင်ကုမ္ပဏီ ဥပဒေအကြံပေး တစ်ဦးကိုသာ စစ်ဆေးခဲ့ပြီး မဖြူနှင်းထွေး ကိုမူ စစ်ဆေးခဲ့ခြင်း မရှိဘဲ စက်တင်ဘာ၃၀ရက်နှင့် အောက်တိုဘာ ၁ရက်နေ့များသို့ ရုံးချိန်းထပ်မံ ချိန်းဆိုလိုက်ကြောင်း သိရ သည်။

ယနေ့ ရုံးထုတ်သည့်အချိန်တွင် တရားရုံးပြင်ပ၌ ဗ.က.သ ကျောင်းသားများက မဖြူနှင်းထွေးကို အမြန်ဆုံးလွှတ်ပေးရန် ပိုစတာများကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မဖြူနှင်းထွေးတရားစွဲဆိုခံရခြင်းနှင့်ပက်သက်၍ ဗ.က.သ ဥက္ကဌ ကိုကျော်ကိုကို မှ “မဖြူနှင်းထွေးဟာ ဗ.က.သ ကျောင်းသူ တစ်ဦးဖြစ်လို့ တရားစွဲဆိုတာလားဆိုတာကို စဉ်းစားစရာဖြစ်နေပါတယ်၊ ဒေသခံရွာသူရွာသားတွေကို ကြေအေးပေး လိုက် ပြီး လွှတ်လိုက်ပေမဲ့ ကျွန်တော်တို ရဲဘော်ဖြူနှင်းထွေးကို မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်အထိ လိုက်ပြီးဖမ်းဆီးတာကတော့ ကျွန်တော်တို့ ဗ.က.သ ကျောင်းသားတွေကို တမင် နှိပ်ကွပ်တယ်လို့ မြင်ပါတယ်”ဟု ပြောကြားခဲ့သည်။

ချမ်းမင်းဟန် 
The Myanma Age

No comments:

Post a Comment

My Blog List