Wednesday, September 24, 2014

အခွင့်ထူးခံ စီးပွားရေးလုပ်ငန်းရှင်များနှင့် အခွင့်အာဏာ အလွဲသုံးစားမှုများနှင့် ပတ်သက်၍ တိုင်ကြားသူများအား အန္တရာယ်ကျရောက်မှု မရှိစေရန် ပြည်ထဲရေးဝန်ကြီးဌာန၏ အကူအညီ ရယူကာကွယ်ပေးမည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား


အခွင့်ထူးခံ စီးပွားရေးလုပ်ငန်းရှင်များနှင့် အခွင့်အာဏာ အလွဲသုံးစားမှုများနှင့် ပတ်သက်၍ တိုင်ကြားသူ များအား အန္တရာယ်ကျရောက်မှု မရှိစေရန် ပြည်ထဲရေး ၀န်ကြီးဌာန၏ အကူအညီ ရယူကာကွယ်ပေးမည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမြ၀င်းက ပြောကြားသည်။

စက်တင်ဘာ ၂၃ ရက်ကကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်မေးမြန်းသည့် “အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းပြီးနောက် အဂတိလိုက်စားမှုနှင့် ပတ်သက်၍ တိုင်ကြားမှုနှင့် ကော်မရှင်ဖွဲ့စည်းပြီးနောက် ပေါ်လွင် ထင်ရှားသော တိုင်ကြားမှုအရေအတွက် မည်မျှရှိသည်ကို သိရှိလိုခြင်း” မေးခွန်းအား ပြန်လည်ဖြေကြားရာ တွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က “အားလုံးသိတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံရဲ့ အဂတိလိုက်စားမှု အခြေအနေကို နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ က အစီရင်ခံတဲ့အခါမှာ အားလုံး ၁၇၇ နိုင်ငံမှာ ကျွန်တော်တို့နိုင်ငံက ၁၅၇ အဆင့်မှာ ရှိပါတယ်ဆိုတဲ့ အကြောင်းကို ၂၀၁၄ ခုနှစ် သြဂုတ် ၇ ရက်က Eleven သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ အရင်ထက်စာ ရင်တော့ ကျွန်တော်တို့အဆင့်က တစ်စုံတစ်ရာ တိုးတက်လာတဲ့ အခြေအနေပါ။ သို့သော် ကျွန်တော်တို့ တရားသူကြီးချုပ်ဖြစ်ခဲ့တဲ့ ဦးသိန်းမောင်ထောက်ပြခဲ့သလို အဂတိလိုက်စားမှုများတဲ့ တိုင်းပြည်က တရားကို မတရားလုပ်ပြီး မတရားတာကို တရားလုပ်တဲ့အတွက် ဒီတိုင်းပြည် ပျက်မှာပဲဆိုပြီးတော့ ထောက်ပြလမ်း ညွှန်ခဲ့တာ အထောက်အထားတွေ ရှိပါတယ်။ ဒီလိုပါပဲ နှစ်ပေါင်းများစွာ အဂတိလိုက်စားမှု ကြီးထွားလာတဲ့ အတွက် အင်မတန်မှ သယံဇာတကြွယ်တဲ့ ကျွန်တော်တို့တိုင်းပြည်ဟာ ဖွံ့ဖြိုးရေးအနိမ့်ကျဆုံးနဲ့ အဆင်း ရဲဆုံး ပြည်သူတွေအဖြစ် ယနေ့အထိ ဒီအကျိုးဆက်ကို ခံနေကြရပါတယ်”ဟု လွှတ်တော်တွင် ဆွေးနွေးပြော ကြားသည်။

အဂတိလိုက်စားမှုများတဲ့ တိုင်းပြည်က တရားကို မတရားလုပ်ပြီး မတရားတာကို တရားလုပ်တဲ့အတွက် ဒီတိုင်းပြည် ပျက်မှာပဲဆိုပြီးတော့ ထောက်ပြလမ်းညွှန်ခဲ့တာ အထောက်အထားတွေ ရှိပါတယ်။ ဒီလိုပါပဲ နှစ်ပေါင်းများစွာ အဂတိ လိုက်စားမှု ကြီးထွားလာတဲ့အတွက် အင်မတန်မှ သယံဇာတကြွယ်တဲ့ ကျွန်တော် တို့တိုင်းပြည်ဟာ ဖွံ့ဖြိုးရေးအနိမ့်ကျဆုံးနဲ့ အဆင်းရဲဆုံး ပြည်သူတွေအဖြစ် . . . . . 

ထို့နောက် ဦးသိန်းညွန့် မေးမြန်းချက်များနှင့် ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမြ၀င်းက ပြန်လည်ဖြေကြားရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး စတင်ဖွင့်လှစ်သည့် ၁၀-၃-၂၀၁၄ မှ ၂၁-၈-၂၀၁၄ ရက်နေ့အထိ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ တိုင်ကြားစာပေါင်း ၅၃၃ စောင်ရှိခဲ့ကြောင်း၊ ၎င်းတို့အနက် မြေယာ ၁၇၀ မှု၊ တရားရေး ၉၅ မှု၊ အုပ်ချုပ်ရေး ၂၃၈ မှုနှင့် အထွေထွေမှု ၃၀ မှုတို့ရှိခဲ့ကြောင်း၊ ပေးပို့လာသည့် တိုင်ကြားစာများအနက်မှ ပေါ်လွင်ထင်ရှားပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် ငြိစွန်းသည့်အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည့် အမှုအရေအတွက်မှာ သုံးမှုရှိခဲ့ကြောင်း ထည့်သွင်းပြောကြားသည်။

“အခွင့်ထူးခံ စီးပွားရေးလုပ်ငန်းရှင်များနဲ့ အခွင့်အာဏာ အလွဲသုံးစားမှုများအပေါ် နိုင်ငံသားများက တိုင် ကြားနိုင်ရေးအတွက် ကော်မရှင်မှ ၂၀၁၄ ခုနှစ် ဧပြီ ၁၀ ရက်မှာ သတင်းကြေညာချက် ထုတ်ပြန်ခဲ့ပြီးဖြစ် ပါတယ်။ အဲဒီသတင်းထုတ်ပြန်ချက် အပိုဒ် ၆၊ ၇ နဲ့ ၈ တို့မှာ တိုင်ကြားရာမှာ ပြည့်စုံစွာပါရှိရမယ့် အချက် များကို ဖော်ပြထားပါတယ်။ တိုင်ကြားရာမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ် ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း အရေးကြီးတဲ့ သက်သေခံချက် ပါရှိရန်လိုအပ်ပါတယ်။ ခိုင်လုံတဲ့ အထောက်အထားနဲ့ သတင်းပေးတဲ့အတွက် ဖော်ထုတ်အရေးယူနိုင်တဲ့ ကိစ္စတွေမှာ သတင်းပေးသူကို လိုအပ်တဲ့ အကာအကွယ်ပေးဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၁၇ ပုဒ်မခွဲ (ဈ) မှာ ပြဋ္ဌာန်း ထားပါတယ်။ အဲဒီပြဋ္ဌာန်းချက်အပေါ် မူတည်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးနည်းဥပဒေ (မူကြမ်း) မှာလည်း ထည့်သွင်းရေးဆွဲထားပါတယ်။ တကယ်လို့ တိုင်ကြားသူအပေါ် အန္တရာယ်ကျရောက်နိုင်တဲ့ အခြေအနေ ပေါ်ပေါက်လာရင် လိုအပ်တဲ့ အကာအကွယ်၊ စောင့်ရှောက်မှုတွေပြုနိုင်ဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၁၇ ပုဒ်မခွဲ (င)နဲ့အညီ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အကူအညီ ရယူဆောင်ရွက် သွားရန် စီမံထားရှိပါတယ်” ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမြ၀င်းက ပြောကြား သည်။

ထို့ပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနည်းဥပဒေအား ကော်မရှင်အဖွဲ့ အနေဖြင့် ရေးဆွဲပြီးနောက် ၈-၈-၂၀၁၄ ရက်တွင် ရှေ့နေချုပ်ရုံးသို့ တင်ပြ ထားကြောင်း ဦးမြ၀င်းက ထည့်သွင်းပြောကြားသည်။


Eleven Media Group

No comments:

Post a Comment

My Blog List