Thursday, September 25, 2014

အပစ်ရပ်မူကြမ်းဆွေးနွေးပွဲ သုံးရက်မြောက်နေ့တိုင် တိကျသော သဘောတူညီချက်မရသေး




တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ ဆွေးနွေးပွဲ သုံးရက် ပြီးသည့်တိုင် တိကျသော သဘောတူညီချက်များ မရရှိသေးကြောင်း သတင်းရရှိသည်။

‘‘တိကျတဲ့ သဘောတူညီ ချက်တော့ မရသေးဘူး။ ရှေ့ဆက်ဆွေးနွေးနိုင်ဖို့တော့ လမ်းဖွင့်ထား ပါတယ်။ ရှေ့မတိုးနိုင်တဲ့ အနေ အထားတော့ မဟုတ်ဘူး’’ ဟု NCCT အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာ ခေါင်းက ပြောသည်။

ယခုဆွေးနွေးပွဲတွင် ယခင် ဆွေးနွေးပွဲ၌ သဘောတူညီခဲ့ သော အချက်များကို ပြန်လည် ဆွေးနွေးမှုများရှိသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် တပ်ပိုင်းဆိုင်ရာကိစ္စ၊ နိုင်ငံရေး လမ်းပြမြေပုံ၊ ကြားကာလအစီအစဉ်နှင့် နိုင်ငံရေး ဆွေးနွေးပွဲပုံစံများ စသည့် အချက်များတွင် ပြေလည် မှုမရှိသေးကြောင်း နိုင်ဟံသာက ဆိုသည်။

‘‘ဒီနေ့ (စက်တင်ဘာ ၂၄ ရက်)ဆို အခန်း(၄)အထိပြီးပြီလို့ ပြောလို့ရတယ်။ အခန်း(၅)၊ (၆)၊ (၇)ကို ဆက်လက်ဆွေးနွေးမယ်’’ ဟု မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန် လည်ထူထောင်ရေးဗဟိုဌာနမှ အ ကြီးတန်းအကြံပေး ဦးလှမောင် ရွှေက ပြောသည်။

ဆွေးနွေးပွဲ တတိယနေ့တွင် ဆွေးနွေးပွဲမစမီ UPWC နှင့် NCCTမှ ခေါင်းဆောင်များ သီးသန့်ဆွေး နွေးခဲ့ကြောင်းလည်း သတင်းရရှိသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့တို့သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေး စာချုပ်မူကြမ်းရရှိရန် စက်တင်ဘာ ၂၂ ရက်မှ စတင်ဆွေး နွေးခဲ့ပြီး စက်တင်ဘာ ၂၆ ရက်ထိ ဆွေးနွေးရန် လျာထားခဲ့ကြသည်။


7Day Daily

No comments:

Post a Comment

My Blog List