Saturday, September 27, 2014

အစိုးရ အဆောက်အဦးအတွင်းမှ ဟောင်ကောင်ဆန္ဒပြသူများက ရဲများကို ဆက်လက်ရှင်းလင်း



အစိုးရ အဆောက်အဦတစ်ခုအတွင်းသို့ ဝင်ရောက်စီးနင်းထားသည့် ဆန္ဒပြသူ များကို ရဲများက စက်တင်ဘာ ၂၆ ရက်ညက စတင်ရှင်းလင်းလျက်ရှိခဲ့ပြီး စက်တင်ဘာ ၂၇ ရက်တွင် အဆိုပါ အဆောက်အဦအတွင်း ကျန်ရှိနေသူများက ထွက်ခွာရန် ငြင်းဆိုလျက်ရှိကြောင်း သိရသည်။
၂၀၁၇ ခုနှစ်တွင် ပြုလုပ်မည့် ဟောင်ကောင်အုပ်ချုပ်ရေးမှူး တင်မြှောက်မှုအတွက် တရုတ်အစိုးရက ထိန်းချုပ်စွက်ဖက်မှုများ လုပ်ဆောင်ခြင်းအပေါ် မကျေနပ်သဖြင့် ဒီမိုကရေစီလိုလားသူများ၊ ကျောင်းသားများက ဆန္ဒပြမှုများကို လုပ်ဆောင်ကြခြင်း ဖြစ်သည်။

အဆိုပါ အစိုးရအဆောက်အဦအတွင်း ကျန်ရှိနေသည့် ဆန္ဒပြသူ ၅၀ ခန့်ကို ရဲများက စက်တင်ဘာ ၂၇ ရက် ညနေပိုင်းအထိ လိုက်လံဖမ်းဆီးလျက်ရှိပြီး အပြင်ဘက်တွင်လည်း ထောင်ပေါင်းများစွာသော ဆန္ဒပြသူများက ရဲများကို အော်ဟစ်ကန့်ကွက် မှုများ လုပ်ဆောင်ခဲ့ကြသည်။

“ရဲဆိုတာ လူဆိုး သူခိုးတွေကို ဖမ်းရမှာပါ။ ရဲတွေကို ဖမ်းရမှာမဟုတ်ဘူး” ဟု လူအုပ်ကြီးက အော်ဟစ်ခဲ့သည်။

စက်တင်ဘာ ၂၇ ရက် အစောပိုင်းကလည်း အဆောက်အဦအတွင်းသို့ ၀င်ရောက်ရန် ကြိုးပမ်းသူ ၁၀၀ ကျော်ခန့်ကို ရဲများက ငရုတ်ကောင်းများဖြင့် ပက်ခဲ့သည်။

အဆိုပါ ဆန္ဒပြမှုတွင် ဖမ်းဆီးခံထားရသူ ၁၃ ဦးထက်မနည်းရှိသွားပြီဖြစ်ကြောင်း သိရသည်။

Ref:AFP
Mizzima - News in Burmese

No comments:

Post a Comment

My Blog List