Wednesday, September 24, 2014

UPWC နှင့် NCCTတို့၏ ဒုတိယနေ့ဆွေးနွေးပွဲ သတ်မှတ်အချိန် ထက်စောပြီး ရပ်နားခဲ့ရ


ပြည် ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီ (UPWC)နှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(NCCT) တို့၏ ဆွေးနွေးပွဲဒုတိယနေ့တွင် ယခင်ဆွေးနွေးပွဲမှ သဘောတူထား ပြီးသော ပြည်ထောင်စုတပ်မတော် တည်ထောင်ရေးအပါအဝင်၊ တော် လှန်ရေးဆိုသည့်အသုံးအနှုန်းများ ကို ပြန်လည်ထည့်သွင်းဆွေးနွေးခဲ့ ကြောင်း အင်န်စီစီတီအဖွဲ့ခေါင်း ဆောင်နိုင်ဟံသာက ပြောသည်။

ယင်းအပြင် ယခင်ဆွေးနွေးမှု များတွင် သဘောတူညီမှုမရသေး သည့် အချက်ဖြစ်သည့်အဓမ္မလူသစ် စုဆောင်းမှုနှင့် ပတ်သက်သည့်အ ချက်ကိုလည်း ဆွေးနွေးခဲ့ကြပြီး ဒုတိ ယနေ့ဆွေးနွေးမှုတွင် တိုးတက်မှု မရှိဘဲ သဘောတူညီမှုမရသဖြင့် ဆွေး နွေးပွဲ ဒုတိယနေ့ကိုသတ်မှတ်အချိန် ထက်စောပြီးရပ်နားခဲ့ကြောင်း လည်း သိရသည်။

မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းအရာရှိဦးလှမောင်ရွှေ က''ဆွေးနွေးပွဲတွေရဲ့သဘောသဘာ ဝအရ နှစ်ဦးနှစ်ဖက်သဘောတူမှ လက်မှတ်ထိုးတာတွေ လုပ်နိုင်တာ ပါ။ အောက်တိုဘာမှာ လက်မှတ် ထိုးမယ်လို့ ဝန်ကြီးကပြောထားသလို ကျွန်တော်တို့လဲ မျှော်လင့်ပါတယ်။ ဆွေးနွေးပွဲက နှစ်ရက်ပဲရှိပါသေးတယ်။ အချို့ အချက်တွေကို ဆွေးနွေးဖို့ ကျန်နေသေးသလို အချို့အချက်တွေကလဲ မူဝါဒအရ ပြန်ပြီးဆွေး နွေးရမယ့်ဟာ
တွေ ရှိပါသေးတယ်'' ဟုပြောသည်။ 

ယခုဆွေးနွေးပွဲတွင် ကာကွယ် ရေးဝန်ကြီးဌာနဘက်မှ အဖွဲ့ခေါင်း ဆောင်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက တာဝန်ယူခဲ့ခြင်းဖြစ်ပြီး NCCT ဘက်မှတင် ပြတောင်းဆို ချက်များကို တပ်ဘက်ကိုယ်စားလှယ် များက အဆုံးအဖြတ်မပေးနိုင်ဘဲ အထက်သို့ ပြန်လည်တင်ပြပေးမည် ဆိုသည့်သဘောတူညီချက်ကိုသာ ရရှိခဲ့ကြောင်း နိုင်ဟံသာကပြော သည်။ 

''ကျွန်တော်တို့ယူအင်န်အက်ဖ် စီညီလာခံမှာ ချမှတ်ခဲ့တဲ့တိုင်းရင်း သားအဖွဲ့အစည်းအလိုက် တပ်ဖွဲ့ဝင် တွေစုပေါင်းပြီး တပ်ပေါင်းစုထောင် ဖို့ဆိုတာကလဲ လတ်တလောအတွက် မဟုတ်ပါဘူး။ ဖက်ဒရယ်တပ်မ တော် ကိစ္စကိုနိုင်ငံရေးဆွေးနွေးပွဲ တွေမှာ ဆွေးနွေးတဲ့အခါကျရင် ကြို တင်ပြင်ဆင်ပြီးသားဖြစ်အောင်လို့ ပါ။ အဲလိုပြင်ဆင်ထားမှ ဘယ်တိုင်း ရင်းသားလက်နက်ကိုင်က ပြည် ထောင်စုတပ်မတော်ဖွဲ့စည်းရင် ဘယ် လောက်ထည့်ဆိုတာမျိုး ဖြစ်မှာလေ'' ဟု NCCT မှ နိုင်ဟံသာကသတင်း စာ ရှင်းလင်းပွဲတွင် ဒီမိုကရေစီတူဒေး ၏ မေးမြန်းမှုကိုဖြေကြားသည်။

နိုင်ဟံသာက''တိုင်းရင်းသား တွေရဲ့ တောင်းဆိုမှုလှုပ်ရှားမှုတွေ ကို တခြားသာမန်လက်နက်ကိုင် တွေ နဲ့ရောမသွားဖို့ပေါ့လေ။ အဓိက အားဖြင့် နယ်ခြားစောင့်တပ်လဲ လက် နက်ကိုင်၊ ပြည်သူ့စစ်လဲလက်နက် ကိုင်၊ ဘိန်းမှောင်ခိုတွေကလဲ လက် နက်ကိုင်နေတာပဲ။ သာမန်လက်နက် ကိုင်လို့ပြောလိုက်ရင် အန်ကယ် တို့အတွက်က မကွဲပြားဘူးပေါ့လေ။အဲဒါကိုရှင်းလင်းနိုင်ဖို့တော်လှန်ရေး ဆိုတဲ့စကားလုံးကို အန်ကယ်တို့ အမြဲ တမ်းသုံးလာနေတဲ့ဝေါဟာရဖြစ် တယ်''ဟုပြောသည်။

NTDW
#Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List