Friday, September 26, 2014

ပြင်သစ်နှင့်အမေရိကန် ရထားလိုင်းများကို ဗုံးခွဲတိုက်ခိုက်ရန် အိုင်အက်စ်စီစဉ်ဟုဆို


အိုင်အက်စ်အကြမ်းဖက်အဖွဲ့ဟာ ပြင်သစ်နိုင်ငံ ပါရီမြို့တော်နဲ့ အမေရိကန်နိုင်ငံရှိ မြို့ကြီးတွေက မြေအောက် ရထားလိုင်းတွေကို ဗုံးခွဲတိုက်ခိုက်ဖို့ စီစဉ်နေတယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ ရထားတယ်လို့ အီရတ်ဝန်ကြီးချုပ်က ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့ ပြောဆိုပါတယ်။

အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အဘာဒီက ဖမ်းဆီးရမိတဲ့ အိုင်အက် စစ်သွေးကြွတွေ ကို စစ်ကြော မေးမြန်းရင်း ရရှိခဲ့တဲ့ အချက်အ လက်တွေ ဖြစ်ပြီး ခိုင်မာမှုရှိတယ်လို့ အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောဆိုခဲ့တာပါ။

အမေရိကန်နဲ့ ပြင်သစ်ထောက်လှမ်းရေးထိပ်တန်းအာဏာပိုင်တွေကတော့ အီရတ်ဝန်ကြီးချုပ်ရဲ့ ပြောကြား ချက်နဲ့ ပတ်သက်ပြီး သူတို့မှာ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ မရရှိဘူးလို့ ဆိုပါတယ်။

နယူးယောက်ရဲဌာနကတော့ ဒီလုံခြုံရေးအချက်အလက်ကို အလေးထားပြီး ပြည်ထောင်စုစုံးစမ်းစစ်ဆေးရေး ဗျူရို (အက်ဖ်ဘီအိုင်)၊ တခြားထောက်လှမ်းရေး အေဂျင်စီတွေနဲ့ သုံးသပ်မှုတွေ လုပ်နေတယ်လို့ ပြောဆိုပါ တယ်။

ပြင်သစ်နိုင်ငံသားတဦး အယ်လ်ဂျီးရီးယားနိုင်ငံမှာ ခေါင်းဖြတ်သတ်ဖြတ်ခံရပြီး နောက်ပိုင်းသက်ဆိုင်ရာနိုင်ငံ
တွေရှိ ပြင်သစ်သံရုံးတွေနဲ့ ပြင်သစ်နိုင်ငံရဲ့ အများပြည်သူ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို လုံခြုံရေး မြှင့်တင်ထားပါတယ်။

DVB

No comments:

Post a Comment

My Blog List