Friday, September 26, 2014

အနုပညာပျိုးခင်းမှ သရုပ်ဆောင်သစ် ရွေးချယ်မှု ဆန်ခါတင် ၁၃ယောက် အမည် စာရင်းထုတ်ပြန်


လူမင်း၊ ခန့်စည်သူ၊ နေတိုး၊ ပြေတီဦး၊ မြင့်မြတ်၊ ဒါရိုက်တာဝိုင်း၊ ဒါရိုက်တာ ဇေပါ တို့ ပါဝင်တဲ့ အနုပညာ ပျိုးခင်း အဖွဲ့က ရုပ်ရှင်လောကအတွက် အမျိုးသမီး အဓိကသရုပ်ဆောင် ရှားပါးမှုကို ဖြေရှင်း နိုင်ဖို့ ရည်ရွယ် ပြီး အနုပညာပျိုးခင်းကနေ ရွှေမှုံရတီ၊ အိချောပို၊ ယုသန္တာတင် တို့ သုံးဦးကို စင်တင်ပွဲထွက်ပေးနိုင်ခဲ့ပါတယ်။ 




အနုပညာ ပျိုးခင်းကနေ ဒုတိယအကြိမ်မြောက်အနေနဲ့နောက်ထပ် အဓိက အမျိုးသမီးသရုပ်ဆောင်သစ် များကို မွေးထုတ် ပေးနိုင်ရေးအတွက် စိတ်ဝင်စားသူ မည်သူကိုမဆို လာရောက်လျှောက်ထားနိုင်ဖို့ ဇူလိုင် လကနေ သြဂုတ်လ ၁၅ ရက်နေ့ ထိ လျှောက်လွှာများ ဖိတ်ခေါ်ခဲ့ပါတယ်။

ဒုတိယအကြိမ် အနုပညာ ပျိုးခင်းအတွက် လာရောက်လျှောက်ထားသူများထဲကနေ ဆန်ခါတင် စာရင်း ၁၃ ယောက်ကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။ 

ဆန်ခါတင် စာရင်း မှာ သံသာမိုးသိမ့်၊ ပိုင်ဖြိုးသု၊ မေဆူးမောင်၊ ဇာနည်အောင် (ခ)ရွှေသမီး၊ နန်းစန္ဒာ လှထွန်း၊ မေမြတ်နိုးခင်(ခ) ရွှေရည်သုန်သုန်၊ ရတနာဗို၊ ကူးကူးဇင်အောင်၊ နန်းခေးမို(ခ)ခေးမို၊ ပိုးအိအိခန့်၊ ခိုင်သဇင်ယုဝါ၊ ဟန်သီသက်လွင် (ခေါ်) ဟန်သီ၊ ခင်ယွန်းဝတီဦး (ခေါ်) စစ်ယွန်းဝတီဦး တို့ကိုရွေးချယ် ထားပြီးဖြစ် ကြောင်း သိရပါတယ်။ 

နောက်ဆုံး အဆင့် (၃)ဦးကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့ မှာ အပြီးသတ် ရွေးချယ် ပေးသွားမှာ ဖြစ် ကြောင်းလည်း သိရပါတယ်။

သိမ့်သိမ့်
Popular Journal 

No comments:

Post a Comment

My Blog List