Friday, September 26, 2014

မန္တလေးနှင့် စစ်ကိုင်း ဆိပ်ကမ်းများရှိ ခိုးမှုလုယက်မှုများကို ရေကြောင်း တပ်ဖွဲ့ဖြင့် နှိမ်နင်းမည်


မန္တလေးနှင့် စစ်ကိုင်းရှိ ဆိပ်ကမ်းများတွင် ခိုးဆိုးလုယက်မှုများအား ရေကြောင်းတပ်ဖွဲ့များ ဧရာဝတီမြစ် ကြောင်းအတွင်း တပ်ဆွဲထားပြီး နှိမ်နင်းရန် စက်တင်ဘာ ၂၅ရက် ညနေပိုင်းက တိုင်းဒေသကြီးနှစ်ခုမှ ရဲတပ်ဖွဲ့အရာရှိများက သွားရောက် စစ်ဆေးခဲ့သည်။

"လုံခြုံရေးအစီအမံ ရေးဆွဲရန်အတွက် ဘယ်နေရာတွေမှာ ပိတ်ဆို့ပီးဖမ်းဆီးမယ်၊ ဘယ်နေရာတွေမှာ ကင်းပုန်းဝပ် ဆောင်ရွက်မယ်ဆိုတာကို သိရအောင် မြေပြင် အနေအထားသိရအောင် လိုက်လံကြည့်နေ တာပါ" ဟု ရဲအရာရှိတစ်ဦးက မဇ္ဈိမကို ပြောသည်။

မန္တလေးဆိပ်ကမ်း၊ စစ်ကိုင်းဆိပ်ကမ်းများတွင် ပထမဦးဆုံး လုံခြုံရေးတာဝန်ယူမည့် ရေကြောင်းရဲတပ်ဖွဲ့ ဝင်များသည် သဘောင်္လေးစီး အပါအဝင် အင်းအား ၄၀ဖြင့် ရန်ကုန်မှ စတင်ထွက်ခွာလာပြီဟု ရဲအရာရှိက ဆိုသည်။

"ရေကြောင်းရဲတပ်ဖွဲ့က နယ်မြေရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဖမ်းဆီးမှာ" ဟု စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ စခန်းမှူး ဦးမင်းလွင်က ဆိုသည်။     

မန္တလေးမြို့အတွင်းရှိ အထင်ကရ ဆိပ်ကမ်းများဖြစ်သည့် ဂေါဝန်ဆိပ်၊ ထုံပုံဆိပ်၊ ထင်းဝင်းဆိပ်၊ မရမ်းခြံ ဆိပ်ကမ်းများနှင့် စစ်ကိုင်းဘက်ခြမ်းရှိ ဆိပ်ကမ်းများတွင် ရပ်နားထားသည့် ကုန်တင်သင်္ဘောများကို စက်လှေများဖြင့် ချည်းကပ်ကာ လုယက်မှုများ၊ ခိုးမှုများ ညည့်နက်အချိန်တွင် ဖြစ်လေ့ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List