ရွေးကောက်ပွဲစနစ် ပြင်ဆင်ပြောင်းလဲရေးကြိုးပမ်း ဆောင်ရွက်နေမှုများသည် ပြည်သူများအားလုံးအပေါ် သက် ရောက်ခြင်း မရှိဘဲ နိုင်ငံရေးနားလည်သူအစုအဖွဲ့တစ်စုမှ လုပ် ဆောင်နေခြင်းသာ ဖြစ်သဖြင့် ပြည်သူအားလုံးကို ကိုယ်စားမပြု ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင် တစ်ဦးဖြစ်သူဦးကို ကိုကြီးကပြောကြားလိုက်သည်။
‘‘အခု ဆွေးနွေးချက်တွေက မဲဆန္ဒရှင်တွေနဲ့ ဘာမှမဆိုင်ဘူးလို ဖြစ်နေတယ်။ နိုင်ငံသားတွေ အနေနဲ့ ဒီစနစ်တွေကိုလည်း နား လည်တာမရှိဘူး။ အခုက နိုင်ငံ ရေးရည်ရွယ်ချက်နဲ့ အဖွဲ့အစည်း တစ်ခုကဆောင်ရွက်တဲ့ တင်ပြချက်သဘော မျိုးတွေ ဖြစ်နေ တယ်’’ဟု ဦးကိုကိုကြီးက ပြောသည်။
ထို့ပြင် လာမည့်ရွေးကောက် ပွဲများတွင် ရွေးကောက်ပွဲစနစ်များ ပြောင်းလဲ ရန်ဆွေးနွေးမှုများသည် အရပ်သားကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကိုသာ ရည်ရွယ်စဉ်းစား ပြောင်းလဲခြင်းမပြုဘဲ လွှတ်တော် တစ်ရပ်လုံးရာနှုန်းပြည့် အရပ်သားကိုယ်စားလှယ် များဖြစ်မှ သာ ပြောင်းလဲရန် ဆွေးနွေးစဉ်း စားသင့်ကြောင်း ၎င်းကပြော သည်။
‘‘အခု PR (အချိုးကျကိုယ် စားပြုစနစ်)ကိုပြောင်းဖို့လုပ်နေ ကြတယ်။ အဲဒီတော့ ရွေးကောက် ပွဲစနစ်ပြောင်းရင် မူအားဖြင့် ရွေးကောက်ခံ ကိုယ်စားလှယ် ၁၀၀ ရာခိုင်နှုန်းအတွက်ပဲ ဦးတည်သင့်တယ်။ အခုက ရွေးကောက် ခံ ၇၅ ရာခိုင်နှုန်းပဲ လွှတ်တော်ထဲ မှာရှိတယ်’’ဟု ဦးကိုကိုကြီးက ပြောသည်။
ယခုကဲ့သို့ ရွေးကောက်ပွဲ စနစ်ပြောင်းလဲရေးလုပ်ဆောင် နေမှုများသည် ယခုထက်ပိုမို ကောင်းမွန်ကာ ပြည်သူများအား ပိုမိုကိုယ်စားပြုနိုင်သည့်စနစ်တစ် ခုဖြစ်လာရေးအတွက်ဆောင်ရွက် ခြင်းဖြစ်ပြီး မည်သည့်ရည်ရွယ် ချက်မှမရှိကြောင်း ပြည်သူ့လွှတ် တော်ရွေးကောက်ပွဲစနစ် လေ့ လာသုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးတင်မောင်ဦးကပြောသည်။
လက်ရှိကာလတွင် အမျိုး သားလွှတ်တော်၌ အချိုးကျကိုယ် စားပြုစနစ် (PR)ကိုပြောင်းလဲရန် လုပ်ဆောင်နေပြီး ပြည်သူ့လွှတ် တော်တွင်လည်း မည်သည့်ရွေး ကောက်ပွဲစနစ်ကိုကျင့်သုံးလျှင် သင့်လျော်မည့်ကိစ္စရပ်အားအစီ ရင်ခံစာတစ်စောင်တင်သွင်းရန် ဆောင်ရွက်နေခြင်းဖြစ်သည်။
7Day News Journal
No comments:
Post a Comment