Thursday, September 25, 2014

အမေရိကန်တွင် လူအုပ်အတွင်း ပစ်ခတ်မှု ၁၄ နှစ်အတွင်း လူ ၄၈၆ ဦး သေဆုံး


အမေရိကန်နိုင်ငံအတွင်း လူအုပ်ကို ပစ်ခတ်မှုတွေ ပြီးခဲ့တဲ့ ၁၄ နှစ်အတွင်း ၂ ဆကျော် တိုးလာပြီး ပစ်ခတ်မှု ၁၆၀ မှာ လူ ၄၈၆ ယောက် သေဆုံးခဲ့တယ်လို့ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (အက်ဖ်ဘီအိုင်)ရဲ့ သုံးသပ်ချက်က ဆိုကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။

လူအုပ်ကို ပစ်ခတ်မှု ၄၆ ရာခိုင်နှုန်းက စီးပွားရေးရပ်ဝန်းမှာ ဖြစ်ပြီး ၂၄ ရာခိုင်နှုန်းက ကျောင်းတွေမှာ ဖြစ်တာပါ။

ဒီပစ်ခတ်မှုတွေဟာ အကြမ်းဖက်မှုတွေ၊ ရာဇဝတ်ဂိုဏ်းတွေ၊ မူးယစ်ဆေးသုံး မှုတွေနဲ့လဲ တိုက်ရိုက်မဆိုင် ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့က ယူနိုက်တက်ပါဆယ်ဆားဗစ် နိုင်ငံတကာ ကော်ပိုရေးရှင်းရဲ့ အလာ ဘားမားပြည်နယ် ဘာမင်ဟမ်မြို့က ဖြန့်ချီရေးဌာနမှာ အလုပ်လုပ်တဲ့ အမျိုးသားတယောက် အလုပ်ထုတ်ခံ ရလို့ သူအထက်က ကြီးကြပ်သူ ၂ ယောက်ကို သေနတ်နဲ့ ပစ်သတ်အပြီး သူကိုယ်သူ သတ်သေမှု ဖြစ်ခဲ့ ပါတယ်။

ပစ်ခတ်သူအများအပြားက အရင်က ဖြစ်ဖူးတဲ့ ထင်ရှားတဲ့ ပစ်ခတ်မှုတွေကို လေ့လာခဲ့ကြတယ်လို့လဲ ရဲတွေက မှတ်တမ်းတင်ထားပါတယ်။

ဖြစ်ရပ် ၄၀ ရာခိုင်နှုန်းမှာ သေနတ်သမားတွေက နောက်ဆုံးမှာ သူတို့ကိုယ်သူတို့ ပစ်သတ်တာက ဖြစ်နေ ကျလို့ အက်ဖ်ဘီအိုင်က သုံးသပ်ပါတယ်။

ရဲက ပစ်ခတ်သူကို ပစ်သတ်ရတာက ၁၃ ရာခိုင်နှုန်းပါ။ ပစ်ခတ်မှု ၁၃ ရာခိုင်နှုန်းမှာ လက်နက်မဲ့ ဘေးလူ တွေက ရဲမရောက်လာခင် ပစ်ခတ်သူတွေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့် ရဲတွေရော အရပ်သားတွေက ပစ်ခတ်မှုတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတဲ့ သင်တန်း တွေကနေ အကျိုးကျေးဇူးရလိမ့်မယ်လို့ အက်ဖ်ဘီအိုင်က အဆိုပြုထားပါတယ်။

ဒီလို သင်တန်းတက်ထားရင် ခြိမ်းခြောက်မှုအနေအထားကို သာမက ပစ်ခတ်မှုတွေ ကြောင့် ရနိုင်တဲ့ ဘေးအန္တရာယ်နဲ့ ရွေးစရာတွေကိုပါ နားလည်လာမယ်လို့ အစီရင်ခံစာက ဆိုထားပါတယ်။

DVB

No comments:

Post a Comment

My Blog List