Saturday, September 27, 2014

မေးခွန်းနှင့်အဆို မတင်သွင်းသည့် လွှတ်တော်ကိုယ်စားလှယ် ၃ဝ ကျော် လွှတ်တော်နှစ်ရပ်၌ ရှိနေ


ပထမအကြိမ်လွှတ်တော်ပုံမှန်အစည်းအဝေးမှ နဝမပုံမှန်အစည်းဝေးအထိ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်၌ မေးခွန်းမေးမြန်းမှုနှင့် အဆိုတင်သွင်းမှု မပြုလုပ်သည့် လွှတ် တော်ကိုယ်စားလှယ်ပေါင်း ၃ဝဦးခန့် ရှိနေသည်ဟု လွှတ်တော်လေ့လာစောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် ပွင့်လင်းမြန်မာ့ ရှေ့ဆောင်အဖွဲ့ (OMI) မှ သုတေသနဒါရိုက်တာကိုဧခိုင်က ပြောသည်။

''အခုက (၁၁)ကြိမ်မြောက် အစည်းအဝေးလုပ်နေပြီပေါ့နော်။ ပထမအကြိမ် လွှတ်တော်ပုံမှန်အစည်း အဝေး ကနေ နဝမပုံမှန်အစည်းအဝေး အထိ လွှတ်တော်ထဲမှာ မေးခွန်းတို့၊ အဆိုတို့ မေးမြန်းမှုမရှိသေးတဲ့ လွှတ် တော်ကိုယ်စားလှယ်အကြမ်းဖျင်းအား ဖြင့် သုံးဆယ်ဝန်းကျင်ခန့်ရှိနေတယ်။ ဒါကို လွှတ်တော်ထဲ ရောက်ဖူး တဲ့သူကို အခြေခံပြီး တွက်ချက်ထားတာပါ'' ဟု ၄င်းကပြောသည်။

ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ (OMI) ၏ လွှတ်တော်လေ့လာစောင့် ကြည့်ရေး အစီရင်ခံစာအမှတ်(၃) ၌လေ့လာတွေ့ရှိချက်များကို ဖော် ပြထားရာတွင် ပြည်သူ့လွှတ်တော် နှင့်အမျိုးသားလွှတ်တော်တို့တွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ မေးခွန်းမေးမြန်းမှုနှင့် အဆိုတင်သွင်းမှုအများဆုံး ပါတီဖြစ် နေပြီး ဒုတိယမေးခွန်းအများဆုံးမေး မြန်းသည့်ပါတီမှာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်(NLD)ဖြစ်သည်ဟု ဖော်ပြထားသည်။

အစီရင်ခံစာအမှတ်(၃)ကိုအမျိုး သားနှင့် ပြည်သူ့လွှတ်တော်တို့သတ္တမ အကြိမ်ပုံမှန် အစည်းအဝေးမှ နဝမ အကြိမ် ပုံမှန်အစည်းအဝေးတို့ကို ကောက်ယူထားခြင်း ဖြစ်သည်။

''ကျွန်တော်တို့ အမျိုးသားလွှတ် တော်မှာ ယနေ့အချိန်အထိ မေးခွန်း တွေ၊ အဆိုတွေမမေးတဲ့ ကိုယ်စား လှယ်တွေရှိတယ်။ ဒါပေမဲ့ မေးခွန်း တွေ၊ အဆိုတွေမတင်လို့ လွှတ်တော်ကိုယ်စားလှယ်မဖြစ်ရဘူးလို့ပြော လို့ မရဘူး။ လွှတ်တော်ကိုယ်စားလှယ် ဆိုတာ ပြည်သူတွေ အကျိုးရှိမယ့် ဥပဒေတွေကို ပြဋ္ဌာန်းရတာဖြစ်တဲ့ အတွက်ကြောင့်ပါ။ မေးခွန်းမမေးရ ဘူး၊ အဆိုမတင်ရဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ့်ဒေသမှာ လိုအပ်တဲ့ကိစ္စတွေကိုတော့ လွှတ်တော်မှာ မေးကိုမေးရပါမယ်။ အရင်က ရပ်ကွက်မှာဖြစ်တဲ့ ကိစ္စလေး
တောင် လွှတ်တော်တင်တော့ ကော်မတီဖွဲ့ ပြီးပြန်စစ်ရတာတောင်ရှိတယ်။ အခု တော့ ၂ဝ၁၅ကိုမျှော်ပြီး အခုနောက်ပိုင်း မေးခွန်းတွေ မေးလာတာတွေ့ လာရတယ်''ဟု အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဒေါက်တာအေး မောင်က ပြောသည်။

BM (MMK)
#Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List