Wednesday, September 24, 2014

စုလှိုင်နှင်း ဘာတွေလုပ်နေသလဲ



အနုပညာနဲ့ ပတ်သက်ပြီး ဇာတ်ကားရိုက်ကူးမှုတွေ မနားသော်လည်း ခပ်ကျဲကျဲသာ လုပ်ဖြစ်နေတဲ့ သရုပ်ဆောင် စုလှိုင်နှင်း က အရင်တုန်းကလို ကိုယ်ကြိုက်တဲ့ ဇာတ်ရုပ်တွေကို ရွေးချယ်ခွင့်မရှိတော့ဘူးလို့ အလင်းတန်းဂျာနယ်သို့ ဖွင့်ဟပြောဆိုလာ ပါတယ်။
“အသက်အရွယ်ပိုင်းအရလည်း အရင်လို မင်းသမီးနေရာကနေ သရုပ်ဆောင်လို့ မရတော့ဘူး။လာငှားတဲ့ အမေခန်း၊ အမခန်း တို့လို နေရာတွေကိုပဲကြိုးစားလုပ်ကိုင်ရတော့မှာပါ။အရင်တုန်းက ကိုယ့်မှာ ရွေးချယ်ခွင့်တွေ အများကြီးရှိသလို၊ မကြိုက်တာတွေကို လည်း ငြင်းခွင့်ရှိတယ်။ အခုချိန်က အရင်လို အခြေအနေတွေ မဟုတ်တာကိုလည်း နားလည်သဘော ပေါက်ရမယ်။

နားမလည်နိုင်ဘူးဆိုရင်တော့ ကိုယ်ပဲ စိတ်ပင်ပန်းရမှာပေါ့။ ပရိသတ်အတွက် ချပြချင်တဲ့ ဇာတ်ရုပ်တွေ ရှိသလားဆိုရင် အရင်တုန်းကတော့ ကိုယ်လည်း လုပ်နိုင်မယ် ထင်ပြီး လုပ်လည်းလုပ်ခဲ့တဲ့ ပရိသတ်နဲ့ ထပ်တူကျတဲ့ ကားတွေလည်း ရှိခဲ့ပါတယ်။

ခုချိန်တော့ လုပ်ပိုင်ခွင့်ရတဲ့ အပေါ်မှာ ကိုယ်ရဲ့အနုပညာ မပျောက်ပျက်အောင်ဘဲ သရုပ်ဆောင်သွားရတော့မှာပါ” လို့ သရုပ်ဆောင် စုလှိုင်နှင်းက ပြောခဲ့ပါတယ်။

သရုပ်ဆောင် စုလှိုင်နှင်းက နယ်ထွက်ပြီး သီချင်းတွေဆိုနေတဲ့အတွက် သရုပ်ဆောင်လောကနဲ့ ၅ နှစ်လောက် အဆက် အသွယ်ပြတ်ခဲ့တယ်လို့ ပြောပါတယ်။

“သီချင်းကတော့ ဒီအတိုင်း စိတ်ခံစားမှုရှိသလောက် အားရပါးရ ဆိုတယ်။ တေးစီးရီးခွေလုပ်ဖို့တော့ အစီအစဉ် မရှိသေး ပါဘူး။ကိုယ်ဆိုရတာ အာအတွေ့ဆုံး ဂီတအမျိုးအစားကို ပြောပါဆိုရင် မခိုင်ကြီးသီချင်းတွေ ခုလတ်တလောပေါက်နေတဲ့ ကိုယ်နဲ့ လိုက်မယ့် သီချင်းလေးတွေကို ရွေးဆိုဖြစ်ပါတယ်”လို့ စုလှိုင်နှင်းက ဆိုပါတယ်။

လက်ရှိ အနုပညာလှုပ်ရှားမှုနဲ့ MRTV-4 က လွှင့်မယ့် အချစ်သေင်္ကတ ဇာတ်လမ်းတွဲမှာပါဝင်ထားပြီး ပထမဆုံး ဇာတ်လမ်း တွဲ လက်ခံရိုက်ကူးတာဖြစ် ပါတယ်။

ရိုက်ရတာ အဆင်ပြေပြီး တိကျသေချာမှုရှိတဲ့အတွက် နောက် ရိုက်မယ့် ဇာတ်လမ်းတွဲတွေမှာလည်း ကမ်းလှမ်းလာခဲ့ရင် ပါဝင်သွားဖို့ရှိပါတယ်လို့ စုလှိုင်နှင်းက ပြောပြခဲ့ပါတယ်။

ဧရာဝတီblog

No comments:

Post a Comment

My Blog List