သိမ်းဆည်းခံ မြေယာများ ပြန်လည်ရရှိရန် သပိတ်စခန်းဖွင့်ဆန္ဒပြတောင်းဆိုနေသော မိကျောင်းကန်ပြည်သူ များသည် နှစ် ဖွဲ့ကွဲသွားပြီး တစ်ဖွဲ့က သပိတ်စခန်းရုပ်သိမ်းကာ ပြန်သွားကြကာကျန်တစ်ဖွဲ့က ဆက်လက် ဆန္ဒ ပြတောင်းဆိုနေကြောင်း သတင်းရရှိသည်။
၂၀၁၄ မတ်လ ၂၄ ရက်မှ စတင်၍ ခြောက်လကျော်ကြာ သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆို နေသော မိကျောင်းကန်ပြည်သူ များ၏ မြေယာအစား အခြားနည်းလမ်းများဖြင့် နစ်နာ ကြေးများရရှိရန် အဖြေရှိနေ ကြောင်း ပြည်သူ့လွှတ်တော် လယ် ယာမြေနှင့် အခြားမြေများသိမ်း ဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးခိုင်မောင် ရည်က စက်တင်ဘာ ၂၀ ရက်၌ မိကျောင်းကန်ပြည်သူများထံ လာ ရောက်ပြောကြားသွားသည်။
ထိုသို့ လာရောက်ပြောကြား သွားသောကြောင့် မြေယာပြန်လည်ရရှိ ရန် ပြောဆိုနေသော ဦးခိုင်မောင်ရည် အား ယုံကြည်သောအဖွဲ့နှင့် အ စိုးရက ပြန်ပေးမည်ဟု ကတိတစ် ခုကိုသာ ယုံကြည်သောအဖွဲ့ စ သည့် အဖွဲ့နှစ်ဖွဲ့ ကွဲသွားခြင်းဖြစ် သည်။ သပိတ်စခန်းဖွင့် ဆန္ဒပြနေ သော မိကျောင်းကန်ပြည်သူများ သည် လူဦးရေ ၃၀၀ ၀န်းကျင်ရှိရာ ဦးခိုင်မောင်ရည်၏ ကတိစကား ကို ယုံကြည်သော မိကျောင်း ကန်မှ လူဦးရေ ၁၅၀ ၀န်းကျင် အဖွဲ့သည် စက်တင်ဘာ ၂၀ ရက် ညက သပိတ်စခန်း ရုပ်သိမ်းကာ ပြန်သွားကြခြင်းဖြစ် သည်။
လက်ရှိအချိန်တွင် သပိတ် စခန်း ရုပ်သိမ်းခြင်းမရှိဘဲ ဆက်လက်ဆန္ဒပြ တောင်းဆိုနေ သော မိကျောင်းကန် ပြည်သူ ၁၅၀ ၀န်းကျင်သည် သပိတ်စခန်း တွင် ကျန်ရှိနေသေးသည်။
‘‘ဒီမှာ နေလာတာကလည်း တော်တော်ဒုက္ခရောက်လှပြီ။ ဦး ခိုင်မောင်ရည်ကလည်း ပြန်ရဖို့ လုပ် ပေးနေ တာပဲ။ သူ့ကို ယုံကြည်ပါ တယ်။ သူ့ကို ယုံကြည်လို့ ပြန် သွားတာပါ’’ ဟု စက်တင်ဘာ ၂၀ ရက် ညက မိကျောင်းကန်သပိတ် စခန်းရုပ်သိမ်းသွားသူ မမီမီ ဇော်က ပြောသည်။
‘‘အစိုးရတာဝန်ရှိသူတစ်ဦး က ပြန်ပေးပါ့မယ်လို့ ကတိတစ်ခု မရမချင်း ဒီနေရာကနေ ပြန်မ သွားပါဘူး။ ကျွန်တော်တို့ သပိတ် ခေါင်းဆောင်ကလည်း ထောင် တွေ ကျနေပြီ။ သူကလည်း ရုပ်သိမ်းခြင်းမလုပ်ပါ ဘူးလို့ မှာထားပါတယ်။ ခုပြန်ရင်လည်း ပြန်စရာ နေရာ မရှိတော့ဘူး’’ ဟု မိကျောင်းကန် သပိတ်စခန်း ရုပ်သိမ်း ခြင်း မရှိဘဲ ဆက်လက်ဆန္ဒပြ တောင်းဆိုသူ ဒေါ်အိက ပြော သည်။
မြေယာပြန်လည်ရရှိရန် မိ ကျောင်းကန်ပြည်သူများ သပိတ်စခန်းဖွင့် ဆန္ဒပြ တောင်းဆိုသည်မှာ ယနေ့တွင် ရက်ပေါင်း ၁၈၁ ရက် ပြည့်ပြီဖြစ်သည်။
ဆန္ဒပြ တောင်းဆိုသူတစ်ဦးဖြစ်သည့်(၇၆) နှစ်အရွယ် ဒေါ်သောင်းညွန့်သည် လူကြီးရောဂါဖြင့် သြဂုတ် ၈ ရက်က ကွယ်လွန်ခဲ့သည်။ သပိတ် စခန်းဖွင့် တောင်းဆိုရာတွင် အ သက် (၇၀) ကျော်အရွယ် အမျိုး သမီးအများစု ပါဝင်နေသည်။
လွှတ်တော်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်အ ဖွဲ့သည် မိကျောင်းကန်ပြည်သူ များ တောင်းဆိုနေသော ယာမြေ များ ပြန်လည်ရရှိရန် လွှတ်တော်တွင် ထူးခြားဖြစ် စဉ်အဖြစ်တင်ထားပြီး အဆိုပါ မြေယာရရှိ ရန် အစွမ်းကုန်ကြိုးစားပေးမည်ဟု မိကျောင်းကန်ပြည်သူများအား ကတိပေးထားသည်။
မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ ရပ်ကွက်ရှိ ပြည်သူများသည် ၎င်းတို့၏ ဘိုးဘွားများနေထိုင်ခဲ့ သော မြေနေ ရာများကို စစ်တပ် က သိမ်းယူခဲ့သောကြောင့် ၎င်းတို့ ၏ မြေနေရာ ပြန်လည်ရရှိရန် ၂၀၁၃ အောက်တိုဘာ ၂ ရက်မှ ၅ ရက်အထိ မဟာဗန္ဓုလပန်းခြံ ဘေး၌ သပိတ်စခန်း ဖွင့်ခဲ့ကြ သည်။
ယင်းသို့ သပိတ်စခန်းဖွင့်ရာ တွင် လွှတ်တော်လယ်ယာမြေ စုံ စမ်းရေးကော်မရှင်က လွှတ်တော်သို့ တင်ပြဆွေးနွေးသွားမည်ဟု မိ ကျောင်းကန်ပြည်သူများအား ပြောဆိုခဲ့၍ သပိတ်စခန်း ပိတ်သိမ်းခဲ့သည်။
လွှတ်တော်တွင် ထူးခြားမှု မရှိ၍ ၂၀၁၃ နိုဝင်ဘာ ၂၆ ရက် က သပိတ်စခန်းထပ်မံဖွင့်ကာ တောင်းဆိုခဲ့ သည်။ ထိုသပိတ် စခန်းဖွင့်ရာတွင် ၁၇ ရက် ကြာ မြင့်ပြီးနောက် ဆီးဂိမ်းအားကစား ပြိုင်ပွဲ ကျင်းပချိန်ဖြစ်၍ အနှောင့် အယှက်မဖြစ်စေရန်ဟုဆိုကာ ထပ်မံ၍ သပိတ်စခန်း ပိတ်သိမ်းခဲ့သည်။
ဓာတ်ပုံ−နစ်ကီ
7Day Daily
No comments:
Post a Comment