Wednesday, September 24, 2014

အာဆီယံလူဦးရေ ၆၀၈ သန်းရှိပြီ



အရှေ့တောင်အာရှ့နိုင်ငံများအသင်း(အာဆီယံ) ဒေသတွင်း လူဦးရေ ၆၀၈ သန်းရှိနေပြီလို့ အာဆီယံဖေစ်ဘွတ်ခ် အင်တာ နက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ အာဆီယံဒေသတွင်း လူဦးရေးအများဆုံးနိုင်ငံ က အင်ဒိုနီးရှားနိုင်ငံ ဖြစ်ပြီး လူဦးရေ ၂၄၆ သန်းကျော်၊ ဖိလစ်ပိုင်က ၉၆ သန်းကျော်၊ ဗီယက်နမ်က ၈၈ သန်းကျော်၊ ထိုင်းက ၆၆ သန်းကျော်၊ မြန်မာက ၅၂ သန်း၊ မလေးရှားနိုင်ငံက ၂၉ သန်းကျော်၊ ကမ္ဘောဒီးယားက ၁၄ သန်းကျော်၊ လာအိုက ၆ သန်းကျော်၊ စင်ကာပူက ၅ သန်းကျော်နဲ့ ဘရူးနိုင်းက ၄ သိန်းကျော် ရှိကြောင်း သိရပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)ကို အင်ဒိုနီးရှား၊ ထိုင်း၊ စင်ကာပူ၊ ဖိလစ်ပိုင်နဲ့ မလေးရှားနိုင်ငံတို့က ဒေသ တွင်း ကွန်မြူနစ်တွေရဲ့ အန္တရာယ်ကို ကာကွယ်နိုင်ဖို့ ၁၉၆၇ ခုနှစ် သြဂုတ် ၈ ရက်နေ့မှာ စတင် ဖွဲ့စည်း တည်ထောင်ခဲ့သည်။

၁၉၈၄ ခုနှစ်မှာ ဘရူးနိုင်း၊ ၁၉၉၅ ခုနှစ် ဗီယက်နမ်နိုင်ငံ၊ ၁၉၉၇ ခုနှစ် မြန်မာနဲ့ လာအို၊ ၁၉၉၉ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံတို့က အဖွဲ့ဝင်အဖြစ် ၀င်ရောက်ခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List