Tuesday, September 23, 2014

အိမ်ဖြူတော်ကို ၀င်ရောက်ရန် ကြိုးစားသူ၏ကားထဲ ကျည်ဆန်အတောင့် ၈၀၀ တွေ့ရှိ


စက်တင်ဘာ ၁၉ ရက်နေ့ အိမ်ဖြူတော် ခြံစည်းရိုးကို ကျော်တက်ပြီး သော့ မပိတ်ထားတဲ့ အတွင်းဘက် ၀င်းတံခါးကို ဖြတ်ကျော်ဝင်ရောက်ဖို့ ကြိုးစားတဲ့ အမျိုးသားဟာ တပ်ကြပ်ကြီးဟောင်း တယောက် ဖြစ်ပြီး သူ့ကားထဲမှာ ကျည်ဆန် အတောင့် ၈၀၀ ရှိနေတယ်လို့ ပြည်ထောင်စု တရားရုံး ရှေ့နေတွေက ပြောပါ တယ်။

အိုမာဂွန်ဇာလတ် ဆိုတဲ့ အသက် ၄၂ နှစ်အရွယ် လူဖြူအမျိုးသားဟာ သြဂုတ်လတုန်းက လည်း အိမ်ဖြူတော်နားမှာ ရစ်သီရစ်သီလုပ်နေလို့ တားဆီးခဲ့ရပြီး အဲဒီအချိန်က သူ့ခါးမှာ ပုဆိန်တလက်ကို တွေ့ခဲ့ရတယ်လို့ ပြည်ထောင်စု တရားရုံးရှေ့နေ ဒေးဗစ် မတ် က ပြောပါတယ်။

ဇူလိုင်လတုန်းကလည်း စနိုက်ပါ ရိုင်ဖယ်နဲ့ ၀ါရှင်တန်နဲ့ အိမ်ဖြူတော် မြေပုံတချပ်နဲ့အတူ အဖမ်းခံခဲ့ရသေး တယ်လို့ ဆိုပါတယ်။

အခုတခေါက်မှာလည်း သူ့မှာ ဓားတလက် ပါတယ်လို့ ၀ါရှင်တန်က မြို့နယ် တရားရုံးပြောခွင့်ရသူ ဆယ်ဒန်း စနုခ်က ပြောပါတယ်။ စက်တင်ဘာ ၂၂ ရက်နေ့မှာ ၁၅ မိနစ် ကြားနာပြီးတဲ့အချိန်မှာ တရားသူကြီးက ဂွန်ဇာလတ်ကို အောက်တိုဘာ ၁ ရက်နေ့အထိ ဆက်ချုပ်ထားဖို့ အမိန့်ထုတ်လိုက်ပါတယ်။

တရားရုံးရဲ့ ကြားနာချက်တွေအရ ဂွန်ဇာလတ်ရဲ့ လုပ်ရပ်ဟာ တားမြစ်ထားတဲ့ နယ်မြေကို ဖြတ်ကျော် ၀င်ရောက်မှု၊ သေစေနိုင်တဲ့ အန္တရာယ်ရှိတဲ့ လက်နက်ကိုင်ဆောင်မှုတွေနဲ့ အကျုံးဝင်ပါတယ်။ ထောင်ဒဏ် ၁၀ နှစ် ကျစေနိုင်နိုင်တဲ့ အမှုတွေ ဖြစ်ပါတယ်။

လုံခြုံရေးစည်း ကျိုးဖောက်မှုနဲ့ပတ်သက်လို့ ပြန်လည် သုံးသပ်နေတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

အခင်းဖြစ်တဲ့ နေ့က သမ္မတ အိုဘားမားနဲ့ မိသားစုတို့ အိမ်ဖြူတော်မှာ မရှိနေပါဘူး။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ညက အဖြစ်အပျက်ကြောင့် စိုးရိမ်ပေမယ့် အိမ်ဖြူတော် လုံခြုံရေးကို တာဝန်ယူထားတဲ့ Secret Service အပေါ်မှာတော့ ရာနှုန်းပြည့် စိတ်ချတယ်လို့ သမ္မတက ပြောတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရသူက ပြောပါတယ်။

DVB

No comments:

Post a Comment

My Blog List