Saturday, September 27, 2014

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ သဘောတူညီချက်မရဘဲ ပြီးဆုံး



ငါးရက်ကြာကျင်းပခဲ့ သော တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲ နှစ်ဖက်ညှိ နှိုင်းရန်ကျန်ရှိနေသော အချက် များနှင့်ပတ်သက်၍ သဘောတူညီ ချက်မရရှိခဲ့ဘဲ လာမည့်အောက် တိုဘာလအတွင်း နှစ်ဖက်ပြန်လည် တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ် နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့(NCCT) တို့၏ ခြောက်ကြိမ်မြောက် ဆွေး နွေးပွဲကို စက်တင်ဘာ ၂၂ရက်မှ ၂၆ ရက်အထိ ၅ ရက်ကြာပြုလုပ်ခဲ့သည်။ 
တပ်မတော်ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီးလေးဦးတက်ရောက်ခဲ့သော ဆွေးနွေးပွဲတွင် နောက်ဆုံး နေ့အထိ အရေးပါသည့် သဘော တူညီမှုမရရှိခဲ့ဘဲ မူလက နှစ်ဖက် သဘောတူညီထားခဲ့သည့် အချက်အချို့ကိုပါ အကြိတ်အနယ် ပြန်လည် ဆွေးနွေးခဲ့ရသည်။

အပစ်ရပ်မူကြမ်းတွင် နှစ် ဖက်ဆက်လက်ညှိနှိုင်းရန် ကျန်ရှိ နေသော အချက်များမှာကြားကာ လတပ်များ ရပ်တည်ရေး၊ နိုင်ငံ ရေးဆွေးနွေးပွဲပုံစံ၊ တပ်ပိုင်းဆိုင် ရာကိစ္စရပ်များ၊ အပစ်ရပ်စာချုပ် တွင်ပါဝင်လက်မှတ်ရေးထိုးမည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၊ နိုင်ငံရေး လမ်းပြမြေပုံနှင့် ပတ်သက်၍ဖြစ်သည်။ ယခု ဆွေးနွေးပွဲပြီး သော်လည်း ထိုအချက်များကို သဘောတူညီမှုမရဘဲ ယခင်သ ဘောတူထားသည့်အထဲမှ အပစ် ရပ်ချိန်တပ်သားသစ် မစုဆောင်း ရေး၊ ဖက်ဒရယ် တပ်မတော်ဖွဲ့ စည်းရေး၊ လုံခြုံရေးဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေး၊တော်လှန် ရေး ဝေါဟာရ စသည့်ကိစ္စရပ်များကိုပါ ပြန်လည်ညှိနှိုင်းနေရ ကြောင်း NCCT ခေါင်းဆောင်နိုင် ဟံသာကပြောသည်။

‘‘ဒီတစ်ပတ်မှာ တပ်ဘက်က ကိုယ်စားလှယ်တွေက ဘာမှ ဆုံး ဖြတ်မပေးရဲဘူး’’ဟု နိုင်ဟံသာက ဆိုသည်။

ယခင်က ယခုအစည်းအဝေးပြီးလျှင် စာချုပ်မူကြမ်း အချောသပ်နိုင်မည်ဟု နှစ်ဖက်စလုံးက ခန့်မှန်းခဲ့သော်လည်း လက်တွေ့ တွင် ညှိနှိုင်းရန်အချက် ပိုများလာ ခြင်းဖြစ်သည်။

နိုင်ငံရေးလမ်းပြမြေပုံနှင့် ပတ်သက်၍လည်း အချက်နှစ် ချက်ကိုအစိုးရဘက်မှ ထပ်မံဖြည့် စွက်အဆိုပြုခဲ့ကြောင်း NCCTအ ဖွဲ့ဝင်ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်းကပြောသည်။

‘‘လွှတ်တော်မှာ အတည်ပြု ခြင်းကို လွှတ်တော်သို့တင်သွင်း ခြင်းလို့ တင်ချင် တယ်။ ပြီးတော့ လုံခြုံရေးဆိုင်ရာပေါင်းစည်း ခြင်းကို ဟိုတုန်းကဆွေးနွေး ရမယ့်အ ကြောင်းရင်းလို့သဘောတူထား တာကို Road Mapအဆင့်အနေနဲ့ သူတို့က တင်ပြ ချင်တယ်’’ ဟု ဒေါက်တာဆလိုင်းကဆိုသည်။

ဆွေးနွေးပွဲအပြီးတွင် တစ် နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (စတုတ္ထမူကြမ်း) ကို အတည်ပြုနိုင်ခဲ့ပြီး အောက်တိုဘာလ အတွင်းနောက်တစ်ကြိမ်ဆွေးနွေးပွဲ ထပ်မံကျင်းပရန် အပါအ၀င် အချက်လေးချက်ကို ပူးတွဲသတင်း ထုတ်ပြန်ခဲ့သည်။ သို့သော်လည်းဆွေးနွေးပွဲ အပြီး နှစ်ဖက်ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း မရှိပေ။ (၆) ကြိမ် မြောက် ဆွေးနွေးပွဲမှာ တိုးတက်မှုနည်းပါးခဲ့သော်လည်း ဆွေးနွေးပွဲ နောက်ဆုံးနေ့အပြီးတွင်မူ နှစ်ဖက်ခေါင်းဆောင်များ ပြုံးရွှင်စွာ စကားပြောဆိုနေခဲ့သည်ကိုလည်းမြင်တွေ့ရသည်။

‘‘ပြည်သူကို ပြောချင်တာက ဇွဲရှိရှိနဲ့ ဆက်စောင့်ပေးပါ’’ ဟု နိုင်ဟံသာက ပြောသည်။

နိုင်ငံရေးဆွေးနွေးပွဲနှင့်ပတ် သက်၍ အစိုးရဘက်မှ ယခင်အ ဆိုပြုခဲ့သော ရှစ်ပွင့်ဆိုင်အစား တပ်မတော်၊ အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ တိုင်းရင်း သားကိုယ်စားလှယ်နှင့်ပါဝင်သင့် ပါဝင်ထိုက်သူ ဟူ၍ ခုနစ်ပွင့်ဆိုင် ကို ယခုဆွေးနွေးပွဲတွင်အဆိုပြုခဲ့ သည်။NCCT ဘက်ကမူ အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အင် အားစု၊ နိုင်ငံရေးပါတီ များဆိုသည့် သုံးပွင့်ဆိုင်တွေ့ဆုံရေးမူကိုသာအဆိုပြုထားခြင်းဖြစ်သည်။

UPWC ဒုဥက္ကဋ္ဌဦးအောင် မင်းကလည်း ဆွေးနွေးပွဲ၏ သဘာဝအတိုင်းအသေး စိတ်ဆွေး နွေးရမည့်အချက်များတွင်အချိန် ယူရသော်လည်း တစ်နိုင်ငံလုံးအ ပစ်အခတ်ရပ်စဲရေးမှာလက်တစ် ကမ်းသာလိုတော့ကြောင်းအပိတ် အမှာစကား၌ ထည့်သွင်းပြော ကြားခဲ့သည်။

‘‘စားပွဲဝိုင်းမှာရောက်ရှိနေကြ တဲ့ ဆွေးနွေးဖော်ဆွေးနွေးဖက် တွေအကြား အပြန်အလှန်တည် ဆောက်နိုင်ခဲ့ကြတဲ့ ယုံကြည်မှုတွေအပေါ်မှာ နှစ်ဖက်ခေါင်း ဆောင်များ၊ အဖွဲ့အစည်းများရဲ့ထောက်ခံမှုတွေ ပိုမိုခိုင်မာလာအောင် ကျွန်တော်တို့ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ပန်းဝင်ခါနီးနောက်ဆုံးမိုင် များဟာ အခက်ခဲဆုံးဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုတဲ့ ပန်းတိုင်ဟာ ကျွန်တော်တို့နဲ့ လက်တစ်ကမ်းမှာရှိနေပြီဖြစ် ပါတယ်။ ပန်းဝင်ခါနီးမှာ အားပိုထည့်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်’’

ညှိနှိုင်းရန် ကျန်ရှိနေသော အချက်များကို နှစ်ဖက်ထိပ်ပိုင်းသို့ ပြန်လည်တင်ပြ မည်ဖြစ်ပြီးအ ပစ်ရပ်ဆွေးနွေးပွဲကို အောက်တိုဘာလအတွင်း ထပ်မံပြုလုပ်သွား မည်ဖြစ်သည်။

ညှိနှိုင်းရန် ခက်ခဲနေသော တပ်ပိုင်းဆိုင်ရာကိစ္စရပ်များဖြစ်သည့် စစ်သည်တော် ကျင့်ဝတ်၊ပူးတွဲစောင့်ကြည့်ရေးကော်မတီ ကိစ္စ ရပ်များကိုလည်း နှစ်ဖက်အလုပ် အဖွဲ့များသီးခြားတွေ့ဆုံ၍ အောက်တိုဘာတွင် စာတမ်းပြုစု ရေးသားသွား မည်ဖြစ်ကြောင်း နိုင်ဟံသာက ဆိုသည်။

စက်တင်ဘာ ၂၇ရက်တွင် UPWC၊ NCCTနှင့် နိုင်ငံရေးပါတီ များ သုံးပွင့်ဆိုင် အလွတ်သဘော တွေ့ဆုံဆွေးနွေးသွား မည်ဖြစ် ကြောင်းသတင်းရရှိသည်။

7Day News Journal

No comments:

Post a Comment

My Blog List