Friday, September 26, 2014

ပျောက်ဆုံးတောင်တက်သမားနှစ်ဦး ရှာဖွေရေးအဖွဲ့ စက်တင်ဘာ ၂၅ရက် ညနေပိုင်း၌ အမြင့်ပေ ၁၇ဝဝဝကျော်သို့ ရောက်ရှိ



ပျောက်ဆုံးတောင်တက်သမား နှစ်ဦး ရှာဖွေရန်အတွက် ရှာဖွေရေးအဖွဲ့သည် စက်တင်ဘာ ၂၅ ရက်နေ့ ညနေ ၆နာရီခန့် တွင် ခါကာဘို ရာဇီတောင် အမြင့်ပေပေါင်း ၁၇ဝဝဝ ကျော်သို့ရောက်ရှိခဲ့ကြောင်း ထူး ဖောင်ဒေးရှင်းမှ သိရသည်။ အဆိုပါ ရှာဖွေရေးအဖွဲ့တွင် ဧဝရက်တောင်တက်ရန် လေ့ကျင့် ထားသော ထူးဖောင်ဒေးရှင်းမှ ကိုရဲ မင်းသူ၊ ကိုစိုင်းကျော်ဝဏ္ဏစိုး၊ ကိုစိုင်း ကျော်သူထွေး၊ ခါကာဘိုရာဇီတောင်သို့ တက်ရောက်ဖူးသူ ဦးနမားဂျွန်ဆင် နှင့် ၄င်း၏ ညီဦးအန်းကောတို့ ပါဝင် ပြီး ရှာဖွေရေးလုပ်ငန်းများကို ပြုလုပ်လျက်ရှိသည်။


အဆိုပါ ကယ်ဆယ်ရေး တောင်တက်အဖွဲ့နှင့်အတူ ဒေသခံ တိုင်းရင်းသား ပစ္စည်းသယ်ပိုးသူများလည်း အတူလိုက်ပါပြီး ထောက်ပံ့ကူညီမှု များပြုလျက်ရှိကြောင်းလည်း သိရ သည်။

''ထူးဖောင်ဒေးရှင်းမှ မြေပြင် ကယ်ဆယ်ရေး တောင်တက်အဖွဲ့ သားများ ခက်ခဲကြမ်းတမ်းတဲ့ ရာသီ ဥတုကြားထဲမှ ခါကာ ဘိုရာဇီတောင် သို့ တက်ရောက်လျက်ရှိပြီး ခါကာဘိုရာဇီတောင်ကို Beach Craft လေယာဉ်ဖြင့် အမြင့်ပေ ၂ဝဝဝဝ ကျော်မှ ကြည့်ရှု၊ မှတ်တမ်းတင် နိုင်ခဲ့ပြီး လေယာဉ်ပေါ်မှ ပန်နန်းဒင်၊ တဟွမ်းဒမ်းနှင့် Base Camp ကို စက်ဖြင့် တိုက်ရိုက် ဆက်သွယ်မေးမြန်း နိုင်ခဲ့သည်''ဟု ထူးဖောင်းဒေးရှင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသား ထားသည်။

''ယနေ့ မြန်မာနိုင်ငံမြောက်ဖျားပိုင်းတစ်ဝိုက် ရာသီဥတုအခြေအနေ တောက်လျှောက်ဆိုးရွားလျက်ရှိ ပါတယ်။ ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိတဲ့ ပူတာအို၊ ပန် နန်းဒင်၊ ဒဟွမ်းဒမ်း ဒေသတစ်ဝိုက် တိမ်များ ထူထပ်ခြင်း၊ မြူများအုံ့ဆိုင်း နေခြင်း၊ မိုးများသည်းစွာရွာသွန်းခြင်းအပြင် မြင်နိုင်စွမ်းလဲ ကျဆင်းလျက်ရှိပါတယ်''ဟုလည်း ဦးတေဇ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ စက်တင်ဘာ ၂၂ရက်နေ့က ရေးသားဖော်ပြခဲ့ သည်။

ပျောက်ဆုံးသွားသည့် တောင် တက်သမားနှစ်ဦးမှာ ထူးဖောင်ဒေး ရှင်းမှဖြစ်ပြီး ကိုဝေယံမင်းသူနှင့် ကိုအောင်မြင့်မြတ်


တို့ဖြစ်ကာ သြဂုတ် ၃၁ရက်မှစ၍ အဆက် အသွယ်မရခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါ တောင်တက်သမား နှစ်ဦးမှာ ခါကာဘိုရာဇီတောင်ထိပ် ထိရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံသီ ချင်းကို Base Camp မှ လူများနှင့် အတူ ဆက်သွယ်ရေး ကိရိယာဖြင့် အတူတူသီဆိုခဲ့ကြသည်ဟုလည်း သိရသည်။

ခါကာဘိုရာဇီတောင်သည် မြန် မာနိုင်ငံ၏အမြင့်ဆုံးတောင်ဖြစ်ပြီး အမြင့်ပေပေါင်း ၁၉၂၉၆ ပေမြင့်သည်။

LS (MMK)
Yangon Media Group

No comments:

Post a Comment

My Blog List