Wednesday, September 24, 2014

ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး တိုးမြှင်ရန် ဖိလစ်ပိုင်သမ္မတပြော


ဖိလစ်ပိုင်သမ္မတ ဘနစ်နိုအကွီနိုက ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုအတွက် နိုင်ငံတကာ လူ့အဖွဲ့အစည်းက တတ်နိုင်သမျှအကုန်လုပ်ဖို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။ သူ့နိုင်ငံဟာ ရာသီဥတုကို ပြောင်းစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေကို အဓိကထုတ်လွှတ်သူ မဟုတ်ပေမယ့် ရာသီဥတုပြောင်းလဲမှုဒဏ် ဝန်ထုပ်ဝန်ပိုး ကို အချိုးအဆ မမျှအောင်ခံနေရတယ်လို့ ပြောပါတယ်။

ဒါကြောင့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး အားထုတ်မှုတွေကို အရှိန်မြှင့်လုပ်ဖို့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။

“ကျနော်တို့မှာ ကင်းမဲ့နေတာက ဗျူဟာကို အရှိန်မြှင့်ခွင့်ပြုမယ့် နည်းပညာ၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကို လက်လှမ်းမမီမှုတွေပါ။ ကမ္ဘာ့ခါင်းဆောင်တွေ အားလုံးက အိမ်နီးချင်းတွေ လုပ်လာတဲ့အထိ အရင် မစောင့်ဘဲ လှုပ်ရှားမှုတွေကို ချက်ချင်းလုပ်ဖို့ လိုပါတယ်။ အခုလျှော့လုပ်ရင် ကျနော်တို့ အားလုံး ရင်ဆိုင်ရမယ့် ပြဿ နာတွေ ပိုတိုးလာမယ်။”

ဖိလစ်ပိုင်ဟာ သမိုင်းမှတ်တမ်းတင်သမျှထဲမှာ အပြင်းထန်ဆုံး တိုင်ဖုန်းမုန်တိုင်း ဟိုင်ယန် တိုက်ခတ်တာကို မနှစ်က ခံခဲ့ရတာပါ။ လူ ၆၁၀၀ သေဆုံးပြီး လူ ၂ သိန်းလောက် အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။

ပြင်သစ်မြို့တော် ပါရီမှာလုပ်မယ့် ကမ္ဘာ့ရာသီဥတု ထိပ်သီးညီလာခံ ၂၀၁၅ မှာ ရာသီဥတုပြောင်းလဲမှုဆိုင် ရာ သဘောတူညီချက်တွေကို ညှိနှိုင်းဖို့ ကုလသမဂ္ဂရဲ့ လုပ်ငန်းစဉ်တွေကို နိုင်ငံရေးအရ အရှိန်အဟုန်မြှင့်ဖို့ ရည်ရွယ်ထားပါတယ်။

DVB

No comments:

Post a Comment

My Blog List