Friday, September 26, 2014

လာမည့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွင် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို မဆွေးနွေးသေးဟု ဆို



စက်တင်ဘာ ၂၇ ရက် တွင် ပြုလုပ်မည့် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေးပါတီများ သုံးပွင့်ဆိုင် တွေ့ဆုံပွဲ၌ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲမူဘောင်ကို တင်ပြဆွေးနွေးရန်မရှိသေးဘဲ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို သာ ဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၂၂ ရက်မှစတင်၍ ငါးရက်ကြာပြုလုပ်နေသော အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ် ငန်းကော်မ တီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ကိုယ်စားပြုသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ် စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)တို့၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) မူကြမ်းဆွေးနွေးပွဲပြီးနောက် သုံးပွင့်ဆိုင် တွေ့ဆုံပွဲပြုလုပ်မည်ဖြစ်သည်။

‘‘NCCT ဘက်ရော၊ အစိုးရ ဘက်ရော ကြည့်ရသလောက် ချ ပြဆွေးနွေးတာ မရှိသေးပါဘူး။ ကျွန်တော်တို့မှာ မူဘောင်ရေး ထားတာ၊ ပြင်ဆင်ထားတာရှိ တယ်။ အခုလာမယ့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲမှာ တင်ပြဆွေးနွေးဖို့ တော့ မပြင်ဆင်သေးပါ ဘူး’’ဟု NCCT အဖွဲ့ဝင် ဒေါက်တာ ဆ လိုင်းလျန်မှုန်းဆာခေါင်းက ပြော သည်။

လာမည့် သုံးပွင့်ဆိုင်တွေ့ဆုံ ပွဲတွင် လက်ရှိငြိမ်းချမ်းရေးလုပ် ငန်းစဉ်ကိုသာ ဆွေးနွေးကြရန်ရှိ ကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လက UPWC နှင့် NCCT အစည်းအဝေးအပြီးတွင်လည်း သုံးပွင့်ဆိုင် တွေ့ဆုံပွဲပြုလုပ်ခဲ့ သည်။ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီ အပါအ၀င် နိုင်ငံရေး ပါတီ သုံးဆယ်ကျော် တက်ရောက် ဆွေးနွေးခဲ့ကြသည်။ အဆိုပါဆွေး နွေးပွဲသည် တိုင်းရင်းသားပါတီ ၂၀ ဖြင့် ဖွဲ့စည်းထားသည့် ညီ နောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) က ၎င်းတို့ ရေးဆွဲထားသော နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲမူဘောင်ကို တင်ပြ ခဲ့သည်။

‘‘သူတို့ ဖိတ်တာမှာတော့ ညှိနှိုင်းဆွေးနွေးရန်လို့ပဲ ရေးထား တယ်။ ဘာတွေဆွေးနွေးမလဲ မသိသေးဘူး။ သူတို့ဘက်က ဘာဆွေးနွေးမလဲဆိုတဲ့အပေါ်မှာ ပြန်ပြီး ဆွေးနွေးရမှာပါပဲ’’ဟု ပြီးခဲ့သည့် သုံးပွင့်ဆိုင်တွေ့ဆုံပွဲတွင် NLD ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က ပြောသည်။

ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ထံ မှတ်ပုံတင်ထား သည့် နိုင်ငံရေးပါတီ ၆၇ ပါတီအနက် ၅၆ ပါတီသည်ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက် ညှိနှိုင်းဆွေးနွေးပွဲမှနေ၍ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု မူဘောင်ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (PPIC) ကိုဖွဲ့စည်းခဲ့သည်။ ယင်းညှိနှိုင်းပွဲသို့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) မှ ဦးဆောင်ခဲ့ခြင်း ဖြစ်ပြီး NLD နှင့်ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) တို့ တက်ရောက်ခဲ့ခြင်း မရှိပေ။


7Day Daily

No comments:

Post a Comment

My Blog List