Thursday, September 25, 2014

ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေးအတွက် လက်ခံရရှိထားသောအလှူငွေများကို ပြန်ပေးမည်


ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေးအတွက် လက်ခံရရှိထားသော အလှူငွေများကို မူလအလှူရှင်များက တောင်းခံလာပါက ပြန်ပေးသွားမည်ဟု ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေး အထောက်အကူပြု ပြန်ကြား ရေးတာဝန်ခံ ဦးကြည်ဝင်းက ပြောသည်။

ဦးစံလင်းအား တိုက်ရိုက်လှူတန်း ငွေကျပ်သိန်း ၁၅ဝဝ ကျော်နှင့် အထောက် အကူပြုအဖွဲ့မှ ကောက်ခံရရှိ ငွေကျပ် ၁၃၄ သိန်းကို အလှူရှင်များထံ ပြန်လည် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

''ခေါင်းလောင်းဆယ်ယူရေးအ တွက် ကျွန်တော်တို့အဖွဲ့လက်ခံရရှိထား တဲ့ငွေက ဘဏ်မှာ ၁၃၂သိန်းရှိပြီး လက် ထဲမှာ နှစ်သိန်းကျော် စုစုပေါင်း ၁၃၄ သိန်းကျော် ရရှိထားပါတယ်။ ခေါင်း လောင်းအခြေအနေက ထူးခြားမှုမရှိ သေးတဲ့အတွက် လာထုတ်လိုတဲ့သူတွေ လာထုတ်နိုင်ပါတယ်''ဟု ယင်းက ဆိုသည်။

အလှူငွေပြန်လည်ထုတ်ယူလိုသူ များသည် မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ပြန်ကြားရေးရုံးတွင် လာ ရောက်ထုတ်ယူနိုင်ကြောင်း၊ ဦးစံလင်း သို့ ခေါင်းလောင်းရှာဖွေရေးအတွက် လှူဒါန်းငွေသိန်း ၁၅ဝဝ တွင် အသုံး ပြုပြီးငွေကိုနုတ်ပြီး ကျန်ငွေများကို ပြန် လည်တောင်းခံလာသည့်အလှူရှင်များထံ ပေးအပ်သွားမည်ဖြစ် သည်။

''ဦးစံလင်းကို လှူထားတဲ့ သိန်း ၁၅ဝဝ မှာ ခေါင်းလောင်းဆယ်တာဖြစ် ပြီး ပိုတဲ့ငွေတွေကိုပြန်ပေးမှာဖြစ် ပါတယ်။ သိန်း ၁၅ဝဝ လှူထားတဲ့သူကတော့ ပြန်မယူဘူး။ ဦးစံလင်းဆက်လုပ်မယ် ဆို သုံးပါလို့ပြောတယ်။ ထောက်ကူအ ဖွဲ့ကကောက်ခံထားတဲ့ ကျပ် ၁၃၄သိန်း ကိုတော့ ဦးစံလင်းက မထိဘူး။ မသုံးဘူး။ အလှူရှင်
တွေကို အကုန်ပြန်ပေးမယ်'' ဟု ဆိုသည်။

လက်ကျန်အလှူငွေများနှင့်ပတ် သက်ပြီး အလှူရှင်ဆန္ဒအတိုင်း ဘုရား၊ စေတီ၊ ရိပ်သာများတွင် လှူဒါန်းသွား မည်ဟုသိရသည်။

ဓမ္မစေတီခေါင်းလောင်းဆယ်ယူ ရေးလုပ်ငန်း ရက်ပေါင်း ၄၇ ရက်အ ကြာတွင် သောင်တူးစက်နှင့်ဗညားဒလ သင်္ဘောကိုပြန်အပ်လိုက်ပြီး ဆယ်ယူ ရေးအစီအစဉ်များရပ်ဆိုင်းထားကြောင်း သိရသည်။

အဆိုပါခေါင်းလောင်းဆယ်ယူ ရေးကို ၂ဝ၁၄ ခုနှစ် သြဂုတ် ၇ ရက် တွင်စတင်ခဲ့ပြီး ၂ဝ၁၄ ခုနှစ် စက်တင် ဘာ ၂၃ ရက်တွင် ရပ်ဆိုင်းသွားခဲ့သည်။

''သောင်တူးစက်ကတော့ စက် တင်ဘာ ၂ဝ၊ ၂၁ ရက်မှာ ပြန်အပ်လိုက် ရတယ်။ ဒီနေ့ စက်တင်ဘာ ၂၃ရက် မှာ ဦးစံလင်းနဲ့ဦးဝင်းမြင့်တို့ ဗညားဒလ သုံးထပ်သင်္ဘောကြီးကို ဆိပ်ကမ်းမှာ သွားအပ်တယ်။ ဦးဝင်းမြင့်က ဓမ္မစေတီ ခေါင်းလောင်းနဲ့ပတ်သက်လို့ သတင်း စာရှင်းလင်းပွဲလုပ်မယ်ပြောတယ်''ဟု ဆက်လက်ပြောကြားသည်။

ဓမ္မစေတီခေါင်းလောင်းဆယ်ယူ ရာတွင် ကြုံတွေ့ရသော အတွေ့အကြုံ နှင့် စုစုပေါင်းကုန်ကျငွေရှင်းလင်းပွဲ ကို စက်တင်ဘာ ၂၅ ရက်တွင် ပဲခူးမြို့ ရှိရွှေအုန်းပင်ဆိုင်၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဦးဝင်းမြင့်က ပြောသည်။

ဦးစံလင်းကို ဖုန်းနှင့်ဆက်သွယ် မေးမြန်းခဲ့ရာ ''ခေါင်းလောင်းကြီးသတင်း နဲ့ပတ်သက်လို့ ကျွန်တော်ဘာမှ မထုတ် ပြန်ပါဘူးခင်ဗျာ။ အခုလိုမေးမြန်းတာ ကိုကျေးဇူးတင်ပါတယ်''ဟု ဆိုသည်။

Yangon Media Group

No comments:

Post a Comment

My Blog List