Friday, September 26, 2014

Disney Live ကာတွန်းဇာတ်ကောင်များ မြန်မာနိုင်ငံ၌ ပြုလုပ်မည့်ဖျော်ဖြေပွဲ အကြိုအဖြစ် ရန်ကုန်မြို့ရှိ ထင်ရှားသည့်နေရာများတွင် မှတ်တမ်းဓာတ်ပုံ ရိုက်ကူး



Disney Live ကာတွန်းဇာတ်ကောင်များသည် မြန်မာနိုင်ငံတွင် အောက်တိုဘာ ၈ ရက်မှ ၁၂ ရက်အထိပြုလုပ်မည့်ဖျော်ဖြေပွဲ အကြိုအဖြစ် ရန်ကုန်မြို့ရှိထင်ရှား သည့်နေရာများ၌ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်းကို စက်တင်ဘာ ၂၅ ရက်က ပြုလုပ် ခဲ့ကြောင်း သတင်းရရှိသည်။ 
Disney ကာတွန်းဇာတ်ကောင်များဖြစ်သည့် မစ်ကီနှင့်မီနီဇာတ်ကောင်များသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့်အထိမ်း အမှတ်အဖြစ် ရန်ကုန်မြို့ မဟာဗန္ဓုပန်းခြံ၊ ရွှေတိဂုံဘုရားအနောက်ဘက်မုခ်ရှိ ပြည်သူ့ရင်ပြင် စသည့်နေရာများ၌ မှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မစ်ကီမောက်စ်၊ မီနီမောက်စ်၊ စင်ဒရဲလား၊ စနိုးဝှိုက်စသည့် ဇာတ်ကောင်များ ပါဝင်မည့်ဖျော်ဖြေပွဲကို အောက်တိုဘာ ၈ ရက် မှ ၁၂ ရက်အထိ Myanmar Event Park ၌ ပြုလုပ်မည် ဖြစ်သည်။

“Disney ကာတွန်းဇာတ်ကောင်တွေ မြန်မာနိုင်ငံကိုရောက်ရှိလာတဲ့အခါ မြန်မာနိုင်ငံရဲ့အဓိက Landmark တွေနဲ့မှတ်တမ်း ဓာတ်ပုံရိုက်ကူးတဲ့ အစီအစဉ်ပါ။ တခြား Character တွေ အများကြီးထပ်လာဦးမှာပါ။ အဲဒီကာတွန်းဇာတ်ကောင်တွေ အများကြီးပါဝင်မယ့် ပြဇာတ်တစ်ခုကို အောက်တိုဘာ ၈ ရက်ကနေ ၁၂ ရက်အထိပြုလုပ်မယ့် ဖျော်ဖြေပွဲမှာ တင်ဆက်သွား မှာပါ။ 



လာမယ့် စနေ၊ တနင်္ဂနွေမှာလည်း ဒီကာတွန်းဇာတ်ကောင်နှစ်ကောင်နဲ့ ပရိသတ်တွေ တွေ့ဆုံနိုင်မယ့်အစီအစဉ်ကို စီစဉ်ထားပါတယ်”ဟု BecTero Myanmar မှ Project Coordinator ကိုကျော်ဖြိုးအောင်က ရှင်းပြသည်။

မစ်ကီနှင့်မီနီတို့သည် စက်တင်ဘာ၂၇ ရက်နှင့် ၂၈ ရက်နေ့များတွင် ရန်ကုန်မြို့ Market Place ဈေးဝယ်စင်တာ၌ ပရိသတ်များနှင့် တွေ့ဆုံမည့် အစီအစဉ် တစ်ခုပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List