Saturday, September 27, 2014

ကိုရီးယားအဖွဲ့ဆက်သွယ်လာပါက သရဖူပြန်ပေးမည်ဟု မေမြတ်နိုးမိခင်ဆို



သရဖူကိစ္စနှင့်ပတ်သက် ၍ ထပ်မံဖြေရှင်းရန် အစီအစဉ် မရှိဘဲ ကိုရီးယားအဖွဲ့အစည်းက ဆက်သွယ်ပါက သရဖူကို ပြန်လည် ပေးအပ်သွားမည် ဖြစ်ကြောင်းMiss Asia Pacific World 2014 ဆုရှင် မေမြတ်နိုး၏ မိခင်က ပြောသည်။ ‘‘သူတို့ဘက်က မဟုတ်တာ တွေပြောထားတော့ လာမယူရဲ တာထင်တယ်။ အန်တီတို့ဘက်ကတော့ ဒီကိုလာယူတာနဲ့ ပြန် ပေးဖို့အဆင်သင့် ပါ’’ဟု မေမြတ်နိုး ၏ မိခင်က ပြောသည်။
သရဖူကိစ္စနှင့်ပတ်သက်၍ ကိုရီးယားအဖွဲ့အစည်းဘက်မှ ယခုအချိန်ထိ ဆက်သွယ်မှုမရှိ သေးဘဲ ဆက်သွယ်လာပါက အားလုံးကို အသိပေး သွားမည်ဟု ၎င်းက ပြောသည်။

ကိုရီးယားဘက်မှ စွပ်စွဲထား သော အကြောင်းအရာများကို မေမြတ်နိုးက စက်တင်ဘာ ၂ ရက်တွင် သတင်းစာရှင်းလင်း ပွဲပြုလုပ်၍ ဖြေရှင်းခဲ့ပြီး ၎င်း၏ ဂုဏ်သိက္ခာကျခဲ့ရသောကြောင့် ယင်းအဖွဲ့အစည်းက တောင်းပန်မှသာ သရဖူကိုပြန်လည်ပေးအပ် မည်ဟု ပြောကြားခဲ့သည်။

ယင်းကိစ္စကို Miss Asia Pacific World အဖွဲ့အစည်းက မေမြတ်နိုးကို ပြိုင်ပွဲမှထုတ်ပယ် သည့်အချက်သုံးခုပါဝင်သော ကြေညာချက်တစ်စောင် ကို စက် တင်ဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့ သည်။ ယင်းကြေညာချက်နှင့်အ တူ မေမြတ်နိုး၏ လိမ်ညာမှုများ အတွက် ကိုရီးယားနှင့် မြန်မာရဲ တပ်ဖွဲ့များထံ ရာဇဝတ်မှုဖြင့် တောင်းဆိုမည်ဟု သတင်းထုတ် ပြန်ခဲ့သည်။

7 day

No comments:

Post a Comment

My Blog List