Friday, September 26, 2014

တယ်လီနော Sim Card များကို စက်တင်ဘာ ၂၇ တွင် မန္တလေး၌ စတင်ရောင်းချမည်ဖြစ်ပြီး နှစ်ပတ်ခန့်အကြာတွင် ရန်ကုန်၌ရောင်းချမည်



တယ်လီနော Sim Card များကို မန္တလေးမြို့တွင် စက်တင်ဘာ ၂၇ (စနေနေ့)၌စတင်ရောင်းချပေး သွားမည်ဖြစ်ပြီး နောက်ထပ် တစ်ပတ်ခန့်အကြာတွင် နေပြည်တော်၊ စက်တင်ဘာ ၂၇ မှ နောက်ထပ် နှစ်ပတ်ခန့်အကြာတွင် ရန်ကုန်၌ စတင်ရောင်းချပေးမည်ဖြစ်ကြောင်း တယ်လီနောမြန်မာမှ သတင်းရရှိသည်။ မန္တလေးတွင် ၀န်ဆောင်မှု စတင်ချိန်၌ တာဝါတိုင်ပေါင်း ၇၀ ရှိကြောင်း သိရသည်။
မန္တလေး၊ နေပြည်တော်၊ ရန်ကုန်တို့တွင် ၀န်ဆောင်မှု စတင်ပြီးနောက် ဒီဇင်ဘာလအတွင်း ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် စတင်အသုံးပြုနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။



တယ်လီနောအနေဖြင့် မန္တလေးတွင် ဆင်းမ်ကတ်များ စတင်ရောင်းချရခြင်းမှာ အရည်အသွေးမီသော နေရာတွင် စတင်ရောင်းချရခြင်းဖြစ်ကြောင်း၊ တာဝါတိုင်များ တည်ဆောက်ရာတွင် ရာသီဥတုအခြေအနေအပါအ၀င် အခက်အခဲ


များရှိခဲ့ပြီး ထင်မှတ်ထားသည်ထက် ပိုမိုကြန့်ကြာခဲ့ကြောင်း သိရသည်။

တယ်လီနောက Sim Card တစ်ကတ်လျှင် ကျပ် ၁၅၀၀ ဖြင့် ရောင်းချမည်ဖြစ်ပြီး ဖုန်းခေါ်ဆိုခကို မည်သည့်အော်ပရေ

တာ၏ ဖုန်းသို့ခေါ်ခေါ် တစ်မိနစ်လျှင် ၂၅ ကျပ် နှင့် SMS ပို့ခမှာ ၁၅ ကျပ် သတ်မှတ်ထားသည်။ အင်တာနက်အသုံးပြုခမှာ မြန်နှုန်းအလိုက် ဈေးနှုန်းကွာခြားမှုရှိပြီး မြန်နှုန်း 300 Kbps ထိရရှိနိုင်မည့် MY Internet Package မှာ 1 MB လျှင် ၆ ကျပ်၊ မြန်နှုန်း 2Mbps အထိ ရရှိနိုင်မည့် Smart Internet Package မှာ 1 MB လျှင် ၁၀ ကျပ်ဖြစ်ကြောင်း သိရသည်။


အင်တာနက် Package နှုန်းထားများမှာ တစ်ပတ်လျှင် 100 MB အသုံးပြုခြင်းအတွက် ကျပ် ၅၀၀၊ တစ်လလျှင် 500 MB အသုံးပြုခြင်းအတွက် ကျပ် ၁၉၀၀ ဖြစ်ပြီး အင်တာနက်မြန်နှုန်း 300 Kbps ဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ 


တစ်လလျှင် 1GB အသုံးပြုခြင်းအတွက် ကျပ် ၆၆၀၀ သတ်မှတ်ထားပြီး ယင်း Package မှာ အင်တာနက်မြန် နှုန်း 2Mbps ဖြင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။ အခြား Package များကို ထပ်မံ ကြေညာပေးသွားမည်ဖြစ်သည်။


ငွေဖြည့်ကတ်မှာ ကျပ် ၁၀၀၀၊ ၃၀၀၀၊ ၅၀၀၀ နှင့် ကျပ်တစ်သောင်း ရှိမည်ဖြစ်ပြီး Electronic Load စနစ်ဖြင့်လည်း ငွေဖြည့်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

" မန္တလေးမှာ စရောင်းမှာဖြစ်ပြီး မကြာခင် လာမယ့်ရက်တွေမှာလည်း မြို့ကြီးသုံးခုမှာရှိတဲ့ အရောင်းဆိုင်ပေါင်း ၁၂၀၀၀ ကျော်ကနေ ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ 



Bandwidth တွေကို MPT ဆီကနေ ၀ယ်ရတာ ဖြစ်ပေမယ့် အင်တာနက်မြန်နှုန်းက MPT လိုမဟုတ်ပါဘူး။ လိုအပ်တဲ့ စက်ပစ္စည်းတွေ ၀ယ်ယူတပ်ဆင်ပြီး ကောင်းမွန်အောင် လုပ်ထားပါတယ်။ အဲဒါကြောင့် Capacity ချင်း မတူနိုင်ပါဘူး။ ကိုယ်ပိုင် ဖိုင်ဘာဆက်ကြောင်း တည်ဆောက်ဖို့ ကြိုးစားခဲ့ပေမယ့် မပြီးစီးခဲ့ဘဲ အဆင်မပြေခဲ့တာကြောင့် MPT ကနေ ၀ယ်သုံးရတာ ဖြစ်ပါတယ်။ ကိုယ်ပိုင်ဖိုင်ဘာဆက်ကြောင်း ရလာရင်တော့ အင်တာနက်က ပိုကောင်း လာမှာပါ" ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr. Petter Furberg က စက်တင်ဘာ ၂၅ တွင် တယ်လီနောရုံးချုပ်၌ ပြုလုပ်ခဲ့သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဝန်ဆောင်မှုစတင်သည့် ပထမလတွင် Facebook ကို အကန့်အသတ်မရှိ အခမဲ့သုံးစွဲနိုင်မည်ဖြစ်ပြီး Wikipedia ကိုမူ အမြဲတမ်း အခမဲ့အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ တယ်လီနောက ဟန်းဆက်နှစ်မျိုးကိုလည်း မိတ်ဆက်ရောင်းချပေး


မည်ဖြစ်ပြီး 2G ကွန်ရက်ဖြင့် အင်တာနက်သုံးနိုင်မည့် ဖုန်းမှာ ကျပ် ၁၉၉၀၀၊ ၃.၅ လက်မအရွယ် Touchscreen ဖုန်းမှာ ကျပ် ၄၉၉၀၀ ဖြစ်ကြောင်း သိရသည်။


Eleven Media Group

No comments:

Post a Comment

My Blog List