Sunday, September 21, 2014

ခေါင်းလောင်းရှာသည့် သောင်တူးသင်္ဘော ဆက်ငှား၊မငှား ဦးစံလင်းကိုဌာနက ခေါ်မေး



ဓမ္မစေတီခေါင်းလောင်း ရှာဖွေနေသော သောင်တူးသ င်္ဘောငှားရမ်းမှုအတွက် အစိုးရဌာနတွင် ငွေသွင်းထားသည့်ရက် ပြည့်နေပြီဖြစ်၍ ဆက်လက်ရှာဖွေမည်၊ မရှာဖွေမည်ကို ဦးစံလင်းသက်ဆိုင်ရာဌာနသို့ သွားရောက် ရှင်းလင်းနေ ရကြောင်း သတင်းရ ရှိသည်။
ဓမ္မစေတီ ခေါင်းလောင်း ဆက်လက်ရှာဖွေမည်ဆိုပါက သောင်တူးသင်္ဘောကို ထပ်မံငှားရမ်းရန် ငွေထပ်သွင်းရမည်ဖြစ် ၍ ဦးစံလင်းကိုယ်တိုင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဌာနခွဲတစ်ခုသို့ စက်တင်ဘာ ၂၀ ရက်တွင် သွားရောက်ခဲ့သည်။

ဓမ္မစေတီခေါင်းလောင်းရှာ ဖွေမှုကို သြဂုတ် ၉ ရက်မှစတင်ခဲ့ပြီး သြဂုတ် ၂၆ရက်တွင် ခေါင်းလောင်းကြီး တွေ့ရှိပြီဟု ဦးစံလင်းကကြေညာခဲ့သည်။ ယင်းခေါင်းလောင်းရှာဖွေမှုသည် စက်တင်ဘာ ၂၁ ရက်ဆိုလျှင် ရက်ပေါင်း ၄၄ ရက် ပြည့်ပြီဖြစ်သည်။

လူထုယုံကြည်မှုကျဆင်းနေသည့် ဓမ္မစေတီခေါင်းလောင်းရှာ ဖွေသူဦးစံလင်းကို စက်တင်ဘာ၂၀ ရက်နေ့လယ်က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ‘‘အစည်းအဝေးလုပ်နေတယ်။ မပြောပါရစေနဲ့’’ဟုဖြေသည်။

လုပ်ငန်းခွင် ၀င်နေသာ သောင်တူးသင်္ဘောကိုဆက်ငှား၊ မငှား ဦးစံလင်းကိုယ်တိုင်လာရောက်ဖြေရှင်းရန် ဌာနမှ အကြောင်းကြားစာ ပေးပို့ထားခြင်းဖြစ် သည်။ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေးအဖွဲ့ဝင်များနေထိုင်နေသည့် သုံးထပ်သင်္ဘောနှင့်အရန် စက်လှေ၊ သင်္ဘောများ ငှားရမ်းမှုအတွက် ငွေသွင်းထားသည့်ရက် မပြည့်သေးကြောင်း သတင်းရရှိသည်။

သောင်တူးသင်္ဘောဆက် ငှားမည်၊ မငှားမည်ကို ဌာန၏ညွှန် ကြားချက် စောင့်နေကြောင်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မြစ် ကြောင်းဆိုင်ရာ အတွေ့အကြုံရှိ သူတစ်ဦးက ‘‘မြစ်တွေ သဘာဝ ကို ဖျက်ဆီးရင် ပြန်လည်တုံ့ပြန် တတ်တယ်။ နဂိုမူလအခြေအနေ ပြန်ရဖို့ နှစ်တွေအများကြီးစောင့်ရ တတ်တယ်။ သောင်ထွန်းတာတွေ ဖြစ်နိုင်တယ်’’ ဟု ၎င်းကရှင်းပြ သည်။

ဓမ္မစေတီခေါင်းလောင်းရှာ ဖွေမှုအတွက် အဓိကအလှူရှင် ဆယ်ဦးရှိကာ ကျပ်သိန်း ၁,၅၀၀ကျော်လှူထားပြီး စက်တင် ဘာ ၁၄ ရက်အထိ သိန်းခုနစ်ရာ သုံးစွဲထားသော်လည်း အလှူငွေများကျန်ရှိနေသေးဟု ဆိုသည်။


7Day Daily



No comments:

Post a Comment

My Blog List