Monday, September 29, 2014

ဗိုလ်မိုးကြိုး အုပ်ဂူမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက် ဂါရ၀ ပြု








ဂျပန် ဗိုလ်မှူးကြီး ဆူဇူကီး ခေါ် ဗိုလ် မိုးကြိုးရဲ့ နေအိမ်နဲ့ အုပ်ဂူကို ဂျပန် နိုင်ငံရောက် မြန်မာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်နဲ့ အဖွဲ့က သွားရောက် လေ့လာကာ ဂါရ၀ ပြုခဲ့ပါတယ်။ 

ဗမာ့လွတ်လပ်ရေး တပ်မတော် (Burma Independence Army-BIA) ကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံမှာ အုပ်ချုပ်နေတဲ့ ဗြိတိသျှ ကိုလိုနီကို ပြန်လည် အံတု တိုက်ခိုက် ရန် မြန်မာပြည်သို့ ပြန် ၀င်လာစဉ် ဂျပန်တပ်မတော် အရာရှိ ဗိုလ်မှူးကြီး ဆူဇူကီးဟာ အတူ ဦးဆောင်ပါ ၀င် ခဲ့သူ လည်းဖြစ်ပါတယ်။ 

ဗိုလ်မှူးကြီး ဆူဇူကီးဟာ မြန်မာ့ လွတ်လပ်ရေး တိုက်ပွဲဝင် ရဲဘော် သုံးကျိပ်ကို အားပေးကူညီခဲ့ သူ၊ မြန်မာ့ လွတ်လပ်ရေးအတွက် ထိုစဉ်က အဓိက ကူညီပေးခဲ့တဲ့ ဂျပန် မီနာမီကီကန်း အဖွဲ့ ခေါင်းဆောင် လည်း ဖြစ်ပါတယ်။ 

ဧရာဝတီblog

No comments:

Post a Comment

My Blog List