Monday, August 04, 2014

အစိုးရနှင့် NCCT ခေါင်းဆောင်များ သီးသန့်တံခါးပိတ်ဆွေးနွေး


တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက် ညှိနှိုင်းရန်ခက်ခဲနေသည့်အချက်များကို အစိုးရအဖွဲ့၊တပ်မတော် နှင့် NC-CT တို့မှ ထိပ်သီးခေါင်းဆောင် များတစ်ဖက်လျှင် သုံးဦးစီ မြစ်ကြီး နားမြို့တွင် သီးသန့်တံခါး ပိတ်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ် ၃ ရက်တွင် ကချင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ လေးနာ ရီနီးပါးကြာပြုလုပ်သော အလွတ် သဘောတွေ့ ဆုံပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း၊ ဦးသိန်းဇော်၊ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင် နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ဒုတိယရှေ့နေချုပ်နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ခေါင်းဆောင်နိုင်ဟံသာ၊ ဖဒိုစောကွယ်ထူးဝင်း၊ ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်းတို့မှာ အခြားကိုယ်စားလှယ်များမပါဘဲ နှစ်နာရီခန့်ကြာ သီးသန့်တံခါးပိတ်ဆွေးနွေးခဲ့ခြင်းဖြစ် သည်။

‘‘တစ်ဆို့နေတဲ့ အရေးကြီးတဲ့ကိစ္စတွေပေါ့ဗျာ။ ဥပမာ ဖက်ဒရယ်ကိစ္စအပေါ် အမြင်မတူညီတာတွေ၊ တပ်ဖွဲ့စည်းရေးမှာ အမြင် မတူညီတာတွေ။ ဘာကြောင့်၊ ဘာကြောင့်ဟိုဘက်က ဘယ်လို မြင်လဲ၊ ဒီဘက်က ဘယ်လိုမြင်လဲ က ဘယ်လိုမြင်လဲဆိုတဲ့ ဝေါဟာ ရကိစ္စတွေပေါ့’’ဟု နိုင်ဟံသာက တွေ့ဆုံပွဲအပြီး၌ ပြောသည်။

လိုင်ဇာထိပ်သီးအစည်းအ ဝေးအပြီး ဆက်လက်ပြုလုပ်သော မြစ်ကြီးနားတွေ့ဆုံပွဲသို့ အစိုးရ ဘက်မှ မြန်မာငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) အကြံပေးအရာရှိများ အပါအ၀င် ကိုယ်စား လှယ် ၈ ဦး၊ NCCT ကိုယ်စားလှယ် ၁၂ ဦး နှင့် နည်းပညာပိုင်းဆိုင်ရာ အဖွဲ့ဝင်များ၊ ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့(PCG) တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

‘‘ပွင့်ပွင့်လင်းလင်း၊ လွတ်လွတ်လပ်လပ်နဲ့ တစ်ချက်ချင်းစီအပေါ် မှာ ပြန်ပြီးသုံးသပ်တာ။ ဒါမှလည်း ပွင့်ပွင့်လင်းလင်းဆုံးဖြတ်တာ အမြင်ဖလှယ်တဲ့ သဘောပါ’’ဟု MP-C မှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောသည်။

တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာသဘောတူညီ ချက်စာချုပ်(မူကြမ်း)တွင် စကား လုံးအသုံး အနှုန်းဝေါဟာရများ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်များအပါအ ၀င် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များကြား ညှိ နှိုင်းရန်အချက်(၃၁)ချက်ကျန်ရှိသည်။

ဇူလိုင်လနှောင်းပိုင်းက လိုင် ဇာမြို့တွင် ခြောက်ရက်ကြာပြု လုပ်ခဲ့သော NCCT ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များအစည်းအဝေး၌ အမျိုးသားတန်း တူရေး၊ ကိုယ်ပိုင်ပြ ဋ္ဌာန်းခွင့်နှင့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်တည်ဆောက်ရေး အခြေ ခံတောင်းဆိုချက်ကို ဆက်လက် စွဲ ကိုင်သွားရန်ဆုံးဖြတ်ခဲ့သည်။ ယင်းအခြေခံတောင်းဆိုချက်ကို အစိုးရနှင့် တပ်မတော်ဘက်မှ ကောင်းစွာ လက်မခံသေးသည့် သဘောထားရှိနေသေးကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောကြားထားသည်။


7Day Daily

No comments:

Post a Comment

My Blog List