ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်မှုကော်မတီက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးဆောင်ရွက်နေမှု ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဖြစ်ပြီး လာမည့် လွှတ်တော်အစည်း အဝေးတွင် ဥပဒေကြမ်းအဖြစ် တင်သွင်းမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းကပြောကြားသည်။
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက“ မိမိဘက်ကတော့ ပေးထားတဲ့ကတိအတိုင်း ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဘယ်လောက်အထိ ပြီးသွားပြီလဲဆိုတာကို အတိအကျ မပြောနိုင်သေးသော်လည်း လောလောဆယ် လွှတ်တော်ကို တင်ပြနိုင်ဖို့အတွက် ရာခိုင်နှုန်း ၈၀ ခန့် ပြီးနေ ပါပြီ။ ဒါကြောင့်မို့ လာမယ့်လွှတ်တော်ကာလမှာ ဥပဒေကြမ်းအဖြစ် လွှတ်တော်ကိုတင်သွင်းနိုင်ဖို့ စပြီးဆောင်ရွက်နေပါပြီ”ဟု ပြောကြားသည်။
လွှတ်တော်အစည်းအဝေးများကို တစ်လကျော်ခန့် ရပ်နားမည်ဖြစ်ပြီး လာမည့်လွှတ်တော်သည် စက်တင် ဘာလအတွင်း ပြန်လည်စတင်ဖွယ်ရှိသည်။
အစည်းအဝေး ၃၀ ကြိမ်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မပေါင်း ၃၄၀ ခုတို့အား ပြင်ဆင်ရန် ဆွေးနွေး ပြီးဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအကောင် အထည်ဖော် မှုကော်မတီအတွင်းရေးမှူး ဦးအေးမောက်က ဇူလိုင် ၂၃ ရက်တွင် ပြောကြားသည်။
လေ့လာဆွေးနွေးရာတွင် ပြည်သူများ၏ အကြံပြုချက်များ၊ အဖွဲ့အစည်းအသီးသီးမှ အကြံပြုချက်များ၊ ပါတီ အသီးသီးမှ အကြံပြုချက်များ၊ တပ်မတော်သားအစုအဖွဲ့မှ တင်ပြသည့် အကြံပြုချက်များတွင် ပါရှိသည့် အဓိပ္ပာယ်ဖော်ပြချက်တူညီသည့် အကြံပြုချက်များကို ပေါင်းစည်း၍တင်ပြရန်နှင့် အခန်းတစ်ခုချင်း၊ ပုဒ်မတစ်ခုချင်း၊ ပုဒ်မခွဲတစ်ခုချင်းအလိုက် အစဉ်အတိုင်းတင်ပြသွားရန် ဆုံးဖြတ်ခဲ့ကြကြောင်း ဦးအေးမောက် က ဆိုသည်။
ကော်မတီအနေဖြင့် ၁၁-၂-၂၀၁၄ ရက်မှ စတင်ခဲ့ပြီး လွှတ်တော်ရပ်နားချိန်များ အပါအ၀င် အစည်း အဝေးပေါင်း ၃၀ ပြုလုပ်ခဲ့သည်ဟု သိရသည်။
နိုင်ငံတော်သမ္မတအရည်အချင်းဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ)အား ကော်မတီအစည်း အဝေး၌ ပြင်ဆင်ရန် ဆုံးဖြတ်သည်၊ မဆုံးဖြတ်သည်ကို ကော်မတီဝင်များက ဖြေကြားရန် ငြင်းဆန် ထားသည်။
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ပေးမည်ဆိုသည့် ကတိကို တည် မတည်စောင့်ကြည့်ပါဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သြဂုတ် ၁ ရက်တွင် ပြောကြားသည်။
Eleven Media Group
No comments:
Post a Comment