Tuesday, August 05, 2014

သမ္မတဦးသိန်းစိန် ရှစ်လေးလုံး အရေးတော်ပုံကာလမှာ ဘာလုပ်ခဲ့လဲ



သံတမန်ရေးဆိုင်ရာ လျှို့ဝှက်အချက်အလက်တွေကို ဖွင့်ချလေ့ရှိတဲ့ ဝီကီလိခ်က မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကို ဖြိုခွင်းရာမှာ အဓိကပါဝင်ခဲ့သူဖြစ်တယ်လို့ ဖွင့်ချချက် ဘီဘီစီမြန်မာပိုင်းက ဖော်ပြလိုက် တာကို မြန်မာသမ္မတရုံးက သြဂုတ် ၅ရက်နေ့မှာ ပြန်တုံ့ပြန်လိုက်ပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ ကိုယ်ရေးရာဇဝင်ကို ထုတ်ပြန်ရာမှာ ဦးသိန်းစိန်ဟာ အထက ၁ ပုသိမ်မှာ ဆယ်တန်းတက်နေချိန် DSA သင်တန်းဝင်ခွင့်ရလို့ ဆယ်တန်းမအောင်ဘဲ ၁၉၆၄ခုနှစ်က ပြင်ဦးလွင်မှာ ဗိုလ်သင်တန်း အပတ်စဉ် ၉ကို တက်ရောက်ခဲ့တယ်လို့ ပြောဆိုထားပြီး ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကို စစ်တပ်က အင်အားသုံး ဖြိုခွင်းပြီးနောက် အာဏာသိမ်းခဲ့ပြီးချိန်မှာ ကလေးမြို့ ခလရ ၈၉မှာ တပ်ရင်းမှူး (ဒုတိယဗိုလ်မှူးကြီး)အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သမ္မတရုံးက ဖော်ပြခဲ့ပါတယ်။

အမေရိကန်သံရုံး သံတမန်တွေဆီကနေ ပေါက်ကြားလာခဲ့တဲ့ ၂ဝဝ၄ခုနှစ် ကြေးနန်းတစ်စောင်ကို ကိုးကားပြီး ဝီကီလိခ်က ပြောဆိုရာမှာတော့ ဗိုလ်မှူးသိန်းစိန်ဟာ ၁၉၈၈ အရေးတော်ပုံကို အဓိကဖြိုခွင်းခဲ့တဲ့ ခြေမြန်တပ်မ ၅၅ရဲ့ တပ်မှူးဖြစ်တယ်လို့ ဆိုထားပါတယ်။ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ၂၆နှစ်မြောက် နှစ်ပတ်လည် နီးကပ် လာချိန်မှာ ဝီကီလိခ်ရဲ့ ပေါက်ကြားမှုနဲ့ သမ္မတရုံးရဲ့ တုံ့ပြန်ချက်က ဆက်တိုက်ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

လူထုကို ဦးသိန်းစိန် ပစ်ခတ်နှိမ်နင်းခဲ့သလားဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ ဘီဘီစီမြန်မာပိုင်းက သြဂုတ် ၅ရက်နေ့မှာ ဖော်ပြခဲ့ပြီး နာရီပိုင်းအကြာမှာ သမ္မတရုံးက နိုင်ငံတော်သမ္မတ၏ ကိုယ်ရေးမှတ်တမ်းအကျဉ်းကို ချက်ချင်းထုတ်ပြန်ခဲ့ ပါတယ်။

သမ္မတရုံး ထုတ်ပြန်ချက်ထဲမှာတော့ ၁၉၈၈ အရေးအခင်း ဖြစ်ပွားနေချိန် တပ်မတော်မှာ ဘာတာဝန်နဲ့ ဘယ်တပ်ရင်းမှာ တာဝန်ယူခဲ့တယ်ဆိုတာ အတိအကျ ဖော်ပြမထားဘဲ ၁၉၈၆မှ ၁၉၇၃အထိ ဗိုလ်ကြီးအဆင့်၊ ၁၉၇၃မှ ၁၉၈၂အထိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ခမရ ၁ဝ၉နဲ့ ခလရ ၈၉တို့မှာ ဗိုလ်မှူးအဆင့်နဲ့ တာဝန်ယူခဲ့တယ်လို့ ဆိုထားပါတယ်။ 

၁၉၇ဝမှာ ဒေါ်ခင်ခင်ဝင်းနဲ့ အိမ်ထောင်ပြုပြီး သမီး ၃ယောက် ထွန်းကားခဲ့ပြီး ၁၉၈၈ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း ကလေးမြို့ ခလရ ၈၉မှာ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ပဲ ဖော်ပြထားပါတယ်။

Burma Campaign UK အဖွဲ့ကတော့ မြန်မာပြည်သူတွေအနေနဲ့ ကိုယ့်သမ္မတ ဘာလုပ်ထားတယ်ဆိုတာ သိသင့်ပြီး ဝီကီလိခ်ရဲ့ ဖွင့်ချတဲ့လျှို့ဝှက်ချက် မှန်မမှန် ကိုလည်း သမ္မတဦးသိန်းစိန်ဆီ စာရေးမေးကြဖို့ တိုက်တွန်းခဲ့တယ်လို့ ဘီဘီစီ သတင်းက ဆိုပါတယ်။

Kamayut Media

No comments:

Post a Comment

My Blog List