Thursday, August 07, 2014

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ ခြောက်ကြိမ်မြောက်ရုံးချိန်းတွင် တရားလိုပြသက်သေအဖြစ် သာသနာရေးဒုဝန်ကြီးကို စစ်ဆေး


ဩဂုတ် ၆ ရက်၌ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ခြောက်ကြိမ် မြောက်ရုံးချိန်းတွင် သာသနာရေးဒုတိယဝန်ကြီးအား တရားလိုပြသက်သေအဖြစ် ဒက္ခိဏခရိုင်တရားရုံးတွင် စစ်ဆေး ခဲ့ကြောင်း သတင်းရရှိသည်။

သာသနာရေး ဒုတိယဝန်ကြီး ဦးမောင် မောင်ဌေးနှင့် ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော် ရွှေတို့နှစ်ဦးအား တရားလိုပြသက်သေအဖြစ် ခေါ်ယူစစ်ဆေးသော်လည်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဌေး တစ်ဦး တည်းကိုသာ ပြစ်မှုကြီး အမှတ် ၄၂/၂ဝ၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ် ၁၂၄(က)ဖြင့် စစ်ဆေးခဲ့ကြောင်း ဦးဆန်းဆင့်၏ ရှေ့နေတစ်ဦးက ပြောကြားသည်။

“ပြစ်မှုကြီးအမှတ် ၄၁/၁၄ ပြစ်မှုပုဒ်မ ၄ဝ၉ ကို ပြီးခဲ့တဲ့ရုံးချိန်းက ဦးညိုဝင်းကို စစ်တာမပြီးသေးဘူး။ ဒီနေ့ထပ်စစ်တာ ပြီးသွားပြီ။ ပြစ်မှုကြီးအမှတ် ၄၂/၁၄ က နိုင်ငံတော်ကို အကြည်ညိုပျက်မှုက ဒုဝန်ကြီး ဦးမောင်မောင်ဌေးလာတယ်။ စစ်တာ ဒီနေ့ပြီးသွားပြီ။ အမှုသွား၊ အမှုလာက အခုမှ တည်ဆောက်တာ။ တရားလိုစစ်တာ တစ်ချက်နဲ့ဒုဝန်ကြီးလာတာ နှစ်ချက်ပဲရှိသေးတယ်။ အမှုသွားအမှုလာကို အဘတို့ အနေနဲ့ ပြောဖို့ရာ စောသေးတယ်” ဟု ဦးဆန်းဆင့်၏ရှေ့နေ ဦးတင်ထွန်းက ပြောကြားသည်။

ငါးကြိမ်မြောက်ရုံးချိန်းတွင် ဦးဆန်းဆင့်ကျန်းမာရေး မကောင်းသဖြင့် တရားရုံးသို့ ဆေးအာမခံလျှောက် ထားခဲ့သော်လည်း တရားရုံးမှ ပလပ်ခဲ့သည်။

ယခုခြောက်ကြိမ်မြောက်ရုံးချိန်းတွင် ဦးဆန်းဆင့်၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေပြီဖြစ်ကြောင်း ဦးဆန်းဆင့်၏ မိသားစုဝင်များက ပြောကြား သည်။

နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးတွင် ဦးဆန်းဆင့်၏ ခြောက်ကြိမ်မြောက် စစ်ဆေးကြားနာရာတွင် နံနက် ၁ဝ နာရီမှ ည နေ ၄ နာရီ ၃ဝ မိနစ်အထိ ခြောက်နာရီကျော် ကြာစစ်ဆေးခဲ့ပြီး ခြောက်ကြိမ် မြောက် ရုံးချိန်းတွင် ယခင်ရုံးချိန်းများကဲ့သို့ လုံခြုံရေး တင်းကျပ်စွာချထားမှုကြောင့် ပြည်တွင်း၊ ပြည်ပ သတင်းထောက်များ သတင်းရယူမှု နည်းပါးခဲ့ကြောင်း သိရသည်။

သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ရုံးချိန်အား ဩဂုတ် ၁၂ ရက်နှင့် ၁၅ ရက်တွင် ဒက္ခိဏခရိုင် တရားရုံး၌ ထပ်မံစစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment

My Blog List