Thursday, August 07, 2014

PR နဲ့ ပတ်သက်ပြီး ကိုကိုကြီး ဘာပြော


ရွေးကောက်ပွဲတွေမှာ PR စနစ်ကျင့်သုံးဖို့ ကြိုးပမ်းတာဟာ အခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၄၃၆ ပြည်သူလူထု ဆန္ဒပြုလက်မှတ် ကောက်ယူတာနဲ့ အချိန်ကိုက် နိုင်ငံရေး ကစားမှုတစ်ခု ဖြစ်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးကိုကိုကြီးက ဆိုပါတယ်။

“လူထုအားလုံး ပါဝင်နိုင်တဲ့ ဆန္ဒပြုလက်မှတ် ကောက်ခံနေတဲ့ အချိန်မှာ ရွေးကောက်ပွဲစနစ်နဲ့ ပတ်သက် တဲ့ အငြင်းပွားမှုကို အချိန်ကိုက် ဖော်ထုတ်လာတာကို တွေ့ရပါတယ်၊ အမျိုးသားပြန်လည် သင့်မြတ်ရေး ကို မျက်ခြေပြတ်မခံဘဲ ၄၃၆ ကိုပြင်ဆင်ဖို့ ကြိုးစားနေတယ်၊ အဲဒါကို တစ်ယောက်ဒါလုပ်ရင် ငါက ဒါလုပ်မယ်ဆိုတဲ့ နိုင်ငံရေး ကစားတာကို မလုပ်ဖို့ လိုပါတယ်” လို့ ကိုကိုကြီးက ပြောပါတယ်။

ရွေးကောက်ပွဲတွေမှာ PR စနစ်ကျင့်သုံးရေး အဆိုကို NLD ပါတီနဲ့ တိုင်းရင်းသားပါတီဝင် လွှတ်တော် ကိုယ်စားလှယ်တွေက ကန့်ကွက်လျက် ရှိပေမယ့်လည်း အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တို့မှာ PR ကျင့်သုံးနိုင်ရေး လေ့လာသုံးသပ်ရေး ကော်မရှင်တွေ ဖွဲ့စည်းခဲ့ပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေး အခန်းပါ ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ အတွက် လူထုဆန္ဒပြုလက်မှတ် တွေကို မေလ ၂၇ ရက်နေ့က စပြီးတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကောက်ယူနေပြီး မြို့နယ်ပေါင်း ၃၀၈ မြို့နယ်က ဆန္ဒပြုလက်မှတ် ၄၉၄၁၉၉၈ ခု ရရှိထားပြီး ပြည်ထောင်စုလွှတ်တော်ရုံးဆီကို ပေးပို့သွားမှာ ဖြစ်တယ် လို့ NLD ပါတီဆီကနေ သိရပါတယ်။

The Voice Weekly

No comments:

Post a Comment

My Blog List