Thursday, August 07, 2014

ရှစ်လေးလုံးနေ့မှာ နိုင်ငံရေးသီချင်းတွေ ဟစ်ကြွေးမယ်


ရှစ်လေးလုံး အရေးတော်ပုံ ၂၆ နှစ်မြောက်နေ့ ဖြစ်တဲ့လာမယ့် သြဂုတ်လ ၈ ရက်နေ့မှာ နိုင်ငံရေး သီချင်းတွေပဲ သီးသန့်သီဆိုမယ့် ဖျော်ဖြေပွဲ ကျင်းပဖို့ရှိပါတယ်။ အဲဒီပွဲမှာ သီချင်းအသစ်တွေကို သီဆို ဖျော်ဖြေမှာ မဟုတ်ပါဘူး။

အဲဒီအခမ်းအနားကို The Action Times Foundation၊ ရွှေသံစဉ် ဂီတဖောင်ဒေးရှင်း နဲ့ ပန်းရဲ့လမ်း လူမှုကွန်ရက်အဖွဲ့တွေက ပူးပေါင်းစီစဉ်တာ ဖြစ်ပါတယ်။

ဖျော်ဖြေပွဲကို ဩဂုတ်လ ၈ ရက် နံနက် ၉ နာရီမှာ ကျိုက္ကဆံဓမ္မပီယ သာသနာ့ရိပ်သာ၊ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ကျင်းပမယ်လို့ ရွှေသံစဉ် ဂီတဖောင်ဒေးရှင်းက ဂီတမှူး ဦးဝင်းမော်က ပြောပါ တယ်။

၂၀၁၂ ခုနှစ်က ဖြန့်ချိထုတ်ဝေခဲ့တဲ့ “စေတနာဝဿန်” တေးစီးရီးက နိုင်ငံရေး သီချင်းတွေနဲ့ သီဆိုဖျော်ဖြေ မယ်လို့ သူက ဆိုပါတယ်။

အရင်တုန်းက အဖြစ်အပျက်တွေကို တကယ်ခံစားပြီး ရေးထားတဲ့ နိုင်ငံရေးသီချင်းတွေကို ပိုကောင်းအောင် သီဆိုမှာဖြစ်တယ်လို့ ပန်းရဲ့လမ်း လူမှုကွန်ရက် အဖွဲ့က ဦးသားထွေးက ပြောပါတယ်။ “ခုချိန်မှာ ခံစားပြီး ရေးလည်း အရင်တုန်းကလို ခံစားချက်မျိုး မရနိုင်တော့ သီချင်းကလည်း ကောင်းမှာ မဟုတ်ဘူးလေ။ ဒါကြောင့် သီချင်းအသစ်တွေ မပါပါဘူး” လို့ သူက ဆိုပါတယ်။

လင်းနစ်၊ ဆူးနစ်၊ ကတ်သရင်းမီးမီး၊ ဇင်ဝါမိုး၊ လီလီမြင့်၊ Vaiolenz၊ ဇော်သိန်း၊ သိန်းသန်းထွန်းနဲ့ ပန်းရဲ့ လမ်းအဖွဲ့တွေက အဓိက ပါဝင်ဖျော်ဖြေပေးသွားမယ်လို့ ဦးဝင်းမောင်က ပြောပါတယ်။ ဓာတ်ပုံ၊ ပန်းချီ၊ ကဗျာ၊ သံချပ်၊ သဝံလွှာနဲ့ သရုပ်ဖော်ပုံတွေကို ပြခန်းနဲ့ ပြသမယ်လို့လည်း သူက ဆိုပါတယ်။

အမေ့လျော့ ခံနေခဲ့ရတဲ့ ရှစ်လေးလုံးနေ့ အခမ်းအနားကို အရပ်သား အစိုးရ သစ်လက်ထက် ၂၀၁၃ ခုနှစ် အရောက်မှာတော့ ရန်ကုန်မြို့တော်မှာရှိတဲ့ MCC ခမ်းမမှာ ခမ်းခမ်းနားနား ကျင်းပခွင့် ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။

The Voice Weekly

No comments:

Post a Comment

My Blog List