ဇူလိုင်လ (၃၀) ရက်နေ့က မော်လမြိုင်မြို့ အမှတ် (၁) အခြေခံပညာ အထက် တန်းကျောင်းက အစည်းဝေး ပြုလုပ်နေတဲ့အချိန်မှာ ကျောင်းအုပ်ဆရာမကြီးရဲ့ ရင့်သီးတဲ့ စကားလုံးတွေကြောင့် နှလုံးရောဂါရှိတဲ့ ဆရာမနှစ်ယောက် သတိလစ်ပြီး ဆေးရုံတင်ခဲ့ရတယ် ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တော့ စုံစမ်းမှုတွေ စတင် ပြုလုပ်နေပြီလို့ မွန်ပြည်နယ် ပညာရေးမှူးရုံးက ပြောပါတယ်။
ဆေးရုံတင်လိုက်ရတဲ့ ဆရာမနှစ် ယောက်ဟာ မော်လမြိုင် အမှတ် (၁) အခြေခံပညာကျောင်းက အလယ် တန်းပြ ဆရာမ ဒေါ်ခင်နုဆွေနဲ့ ဒေါ်သီသီမြင့်တို့ ဖြစ်ပါတယ်။
သူတို့ကို တခြားဆရာ ဆရာမတွေနဲ့ အတူ အစည်းအဝေး ခန်းမ အတွင်းမှာပဲ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိကြည်က အင်္ဂလိပ်စာ မေးခွန်းထုတ်တဲ့ ကိစ္စနဲ့ ပြင်းထန်စွာ ပြစ်တင် ပြောဆိုဆက်ဆံခဲ့တာ ဖြစ်တယ်လို့ နာမည် မဖော်လိုတဲ့ မျက်မြင် သက်သေ ဆရာမတစ်ဦးက ပြောပါတယ်။
ဒီဖြစ်ပျက်နေတဲ့ သတင်းက အင်တာနက်မှာ တွေ့လိုက်ရ တဲ့အတွက် အခု စစ်ဆေးဖို့ အဖွဲ့ ဖွဲ့ထားပြီး စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ကြောင်း စစ်ဆေးဆဲ ကာလ ဖြစ်တဲ့ အတွက် ဘာမှ မပြောလိုသေးကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံး ဒုတိယ ညွှန့်ကြားရေးမှူး ဦးကျော်ရင်က ပြောပါတယ်။
အဆိုပါ ကျောင်းအုပ် ဆရာမကြီးဟာ ကျောင်းက ဆရာ ဆရာမတွေပေါ်မှာ ဖိအားတွေ အရမ်းပေး ကြောင်း၊ အခုဆိုရင် ဆရာ ဆရာမတွေက ကျောင်းသွားရမှာ ကြောက်နေကြတဲ့အကြောင်းနဲ့ လက်အောက် ငယ်သား ဆရာ ဆရာမတွေ ကိုလည်း ကျောင်းသူ ကျောင်းသားရှေ့မှာပဲ ရင့်သီးတဲ့ စကားတွေနဲ့ ဆူပူပြောဆို တဲ့အပြင် ကျောင်းသူ ကျောင်းတွေရဲ့ ရှေ့မှာပဲ ဖန်ခွက်တွေနဲ့ ဖုန်းတွေခွဲပြစ် တာတွေ ပြုလုပ်ခဲ့တယ်လို့ အမှတ် (၁) ကျောင်းက ဆရာမတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ကလည်း ဆရာတွေ အစည်းအဝေး ပြုလုပ်တဲ့ အချိန်မှာ ကျောင်းအုပ် ဆရာမကြီး တစ်ယောက်ထဲက ထိုင်ခုံပေါ်မှာ ထိုင်ပြီး ကျန် ကျောင်းဆရာ ဆရာမ တွေကိုတော့ အောက်ကြမ်း ပြင်မှာ ထိုင်ခိုင်း ခဲ့တာတွေကြောင့် ကျောင်းစစ်ဆေးရေးအဖွဲ့က ၀င်ရောက်ဖြေရှင်းခဲ့ တယ်လို့လည်း မြစ်မခ သတင်းအရ သိရပါတယ်။
ABC
No comments:
Post a Comment