Tuesday, August 05, 2014

ပထမကမ္ဘာစစ် နှစ် ၁၀၀ ပြည့် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ


ပထမကမ္ဘာစစ် ​စတင်ခဲ့တဲ့ ​နေ့ရဲ့ ​နှစ် ​၁၀၀ ​ပြည့် ​အခမ်းအနားကို ​စကော့တလန် ​Glasgow ​မြို့မှာ ​ကျင်းပခဲ့ တာကို ​ကမ္ဘာတလွှားက ​ကိုယ်စားလှယ်တွေ ​တက်ရောက်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ​နှစ်ပေါင်း ​၁၀၀ ​က ​သြဂုတ် လ ​၄ ​ရက်နေ့မှာ ​ဗြိတိန်နိုင်ငံက ​ဂျာမနီအပေါ် ​စစ်ကြေညာ ​လိုက်ရာက ​ပထမ ​ကမ္ဘာစစ် ​စတင်ခဲ့ တာ ​ဖြစ်ပါတယ်။

ပထမ ​ကမ္ဘာစစ်ဟာ ​လေးနှစ်ကြာမြှင့် ​ခဲ့ပြီး ​လူပေါင်း ​၉ ​သန်းကျော် ​သေဆုံး ခဲ့ရပါတယ်။

စကော့တလန် ​နိုင်ငံ ​Glasgow ​မြို့မှာ ​ကျင်းပတဲ့ပွဲကတော့ ​ပထမကမ္ဘာစစ် ​အတွင်း ​ဗြိတိန်ဘက် ​ရပ်တည် ​တိုက်ခိုက် ​ပေးကြတဲ့ ​ဓနသဟာယအဖွဲ့ ​ဝင် ​နိုင်ငံ ​တွေရဲ့ ​ပေးဆပ်မှုကို ​အောက်မေ့ ​ကျင်းပတာ​ဖြစ်ပါတယ်။

ပထမ ​ကမ္ဘာစစ် ​အတွင်း ​သြစတြေးလျ ​နိုင်ငံသား ​အယောက် ​၆၀၀၀၀ ​သေဆုံး ​ခဲ့ရတဲ့ ​အတွက် ​အောက်မေ့ ​သတိရ ​တဲ့ ​ပွဲတွေလည်း ​သြစတြေးလျ ​နိုင်ငံမှာ ​ကျင်းပကြ ​ပါတယ်။

ဗြိတိန်နိုင်ငံက ​ဂျာမနီအပေါ် ​စစ်ကြေညာ ​လိုက်ပေမယ့် ​ပထမဦးဆုံး ​သေနတ် ​စတင်ပစ်ခတ် ​ခဲ့တာကို ​အင်္ဂလန်၊ ​ဘယ်လ်ဂျီယံနဲ့ ​ပြင်သစ်တို့က ​စတင်တာ ​မဟုတ်ပဲ ​သြစတြေးလျနိုင်ငံ ​မဲလ်ဘုန်းမြို့အနီးက ​Portsea ​မှာ ​စတင်ခဲ့တာ ​ဖြစ်ပါတယ်။ ​ဗြိတိန်က ​စစ်ကြေညာ ​ပြီးနောက် ​ဂျာမနီသင်္ဘောက ​သြစတြေးလျ ​ရေပိုင်နက် ​ကနေ ​ထွက်ပြေးဖို့ ​ကြိုးစားချိန်မှာပဲ ​သြစတြေးလျက ​သေနတ်စတင် ​ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ဂျာမနီစစ်သားတွေ ​လက်မြောက်အရှုံးပေးခဲ့ရတဲ့ ​Portsea ​မြို့မှာတော့ ​အောက်မေ့ဖွယ်အခမ်းအနားကို ​ဒီကနေ့ ​ကျင်းပနေပြီ ​ဖြစ်ပါတယ်။

ABC

No comments:

Post a Comment

My Blog List