Thursday, August 07, 2014

ဖိုရမ်ဖြင့် ပြည်သူ့ယုံကြည်မှုရယူမည်ဟု ပြည်ခိုင်ဖြိုး ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးပြော



တိုင်းနှင့်ပြည်နယ်များတွင် ဖိုရမ်များကျင်းပရခြင်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီကို ပြည်သူ များ သက်ဝင်ယုံကြည်လာအောင် အားဖြည့်သည့် လုပ်ငန်းစဉ်ဟု ပါတီ၏ ဒု-ဥက္ကဋ္ဌဖြစ်သူ ဦးဌေးဦးက သြဂုတ် ၆ ရက်၌ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ကိုးသိန်းအားကစားကွင်းတွင် ကျင်းပသော ပြည်ခိုင်ဖြိုး ပါတီ၏ “တောင်သူ လယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ် (၂၀၁၄)”တွင် ပြောခဲ့သည်။

“မိမိတို့ပါတီကို သက်ဝင်ယုံကြည်လာအောင်၊ ပြည်သူကိုကိုယ်စားပြုတဲ့ ပါတီကြီးတစ်ရပ်လို အားလုံးက လက်ခံ လာအောင် အားဖြည့်ဆောင်ရွက်တဲ့ လုပ်ငန်းတစ်ရပ်လို့ ဆိုရမှာပါ”ဟု ၎င်းကဆိုသည်။

ထို့ပြင် ပြည်ခိုင်ဖြိုးပါတီသည် ပါတီစုံဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေး စနစ်ကျင့်သုံးရန် အဓိက အခန်း ကဏ္ဍမှ ပါဝင်နေသကဲ့သို့ နိုင်ငံထူထောင်ရေး တွင်လည်း ဦးဆောင်နေသည်ဟုပြောသည်။

“ဘယ်သူက ဦးဆောင်တယ်ဆိုတာသမိုင်းက အဆုံးအဖြတ်ပေးမှာပါ။ ပြည်ခိုင်ဖြိုးက ဦးဆောင်တယ် ဆိုလည်း ကြိုဆိုရမှာပေါ့”ဟု ဦးဂျင်မီက မဇ္ဈိမကိုပြောသည်။

တပ်မတော် အရာရှိဟောင်းကြီးများ ဦးဆောင်နေသည့် ပြည်ခိုင်ဖြိုးပါတီသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အုပ်ချုပ်ခဲ့ သည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်ကတည်းက လူမှုရေးအသင်းမှတစ်ဆင့်နိုင်ငံရေး ပါတီ အသွင်ကူးပြောင်းလာခြင်းဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List