Monday, August 04, 2014

ရွေး/ကောက်သမာသမက်ကျသည်ကို လက်ခံနိုင်ရန်ခဲယဉ်းဟုဆို


ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင်ပါဝင်သည့်ပုဂ်္ဂိုလ် အများစုမှာ တပ်မတော်တွင် တာဝန်ထမ်း ဆောင်ခဲ့သည်ကိုတွေ့ ရကြောင်း၊ လက်ရှိ အစိုးရသည်လည်း တပ်မှအသွင်ပြောင်းလာသည့်အစိုးရ တစ်ရပ်ဖြစ်ကြောင်း  ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ဥက္ကဋ္ဌသည်လည်းပြည်ခိုင်ဖြိုး  ပါတီ၏အမတ် တစ်ဦးဖြစ်ခဲ့ကြောင်း  ယင်းအခြေအနေများကို ခြုံငုံကြည် လျှင် ပြည်ထောင်စုရွေးကောက်ပွဲ  ကော်မရှင် သည် ၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲ၌သမာသမတ်ရှိရှိ ကျင့်သုံးဆောင်ရွက်မည်ဆိုခြင်းကို  လက်ခံနိုင်ရန် ခဲယဉ်းကြောင်းNLD ရန်ကုန်တိုင်းဒေသကြီး ဒုဥက္ကဋ္ဌဒေါက်တာစိုးဝင်းဦးကပြော ကြားသည်။

“မဲဆွယ်စည်းရုံးခွင့်ကာလရက် ပေါင်း ၃၀ ဆိုသည်မှာအင်မတန်  နည်းလွန်းတယ်။ မဖြစ်သင့်ဘူး မဲဆွယ် စည်းရုံးခွင့်ကာလက ၂ လ လောက်ဖြစ်ဖို့လိုတယ်။ မဲဆွယ် စည်းရုံးတဲ့နေရာမှာလည်း လူပုဂ်္ဂိုလ် တစ်ဦး တစ်ယောက်ကို ရည်ရွယ်ရှိရှိနဲ့ တားမြစ်နေတဲ့ကိစ်္စ တွေဟာမဖြစ်သင့်ဘူး။ ပြည်သူလူ  ထုချစ်တဲ့ လူထုခေါင်းဆောင်ဟာ သူ့ပါတီအတွက် မဲဆန္ဒနယ်မြေ အားလုံးမှာ လိုက်လံစည်းရုံး ဟောပြောခွင့်ကို မတားမြစ်သင့်ဘူး” ဟုက၎င်းဆိုသည်။

၎င်းကဆက်လက်၍ “ရွေးကောက်ပွဲကော်မရှင်အနေ ဖြင့် လက်ရှိအာဏာရ ပါတီအား သာအောင်နည်းမျိုး စုံဖြင့် လုပ်ဆောင်မယ်ဆိုရင်တော့ ကန့်ကွက်မှာပါ။ အခုလက်ရှိက တော့ စောင့်ကြည့်နေတဲ့ အချိန် ကာလပါ။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် အာမခံချက်ပေးနိုင်တဲ့ စည်းမျဉ်း စည်းကမ်းတွေ ချမှတ်ပြီးတော့ လုပ်ဆောင်မလားဆိုတာကိုစောင့် ကြည့်ရမယ်”ဟု ပြောသည်။

ပြည်သူ့လွှတ်တော်အမျိုးသား လွှတ်တော်တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများကို ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌက လက်မှတ်ရေးထိုးထုတ်ပြန်ပြီးဖြစ် သော်လည်း ပြင်ပသို့ဖြန့်ဝေရန် ဥပဒေစာအုပ်များကို ပုံနှိပ်နေဆဲ ဖြစ်သဖြင့် နိုင်ငံရေးပါတီများသို့ ထုတ်ပြန်ပြီး အမိန့်ကြေညာစာ များသာပေးပို့ ရသေးကြောင်း သိရသည်။   

Hot News Journal 

No comments:

Post a Comment

My Blog List