Wednesday, August 06, 2014

PR စနစ် လွှတ်တော်တွင် ဆက်မဆွေးနွေးရန် မြို့တော်ခန်းမရှေ့ ဆန္ဒပြ


ရွေးကောက်ပွဲများတွင် ကျင့်သုံးနိုင်ရန် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်က ကော်မရှင်ဖွဲ့ လေ့ လာနေသော အချိုးကျကိုယ်စားပြုစနစ် (PR) ကို လွှတ်တော်တွင် ဆက်မဆွေးနွေးရန် လူ ၁၀၀၀ ခန့် သြဂုတ်လ ၅ ရက်နေ့တွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌ ဆန္ဒထုတ်ဖော်သည်။

“ဒီစနစ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားပါတီတွေက ကန့်ကွက်တယ်။ အဲဒီကန့်ကွက်တာကို သူတို့နဲ့ အတူတူ ပြည်လူထုက ထောက်ခံတဲ့အနေနဲ့ရော ပြည်သူလူထုကပါ ဒီစနစ်ကိုကန့်ကွက်ဆိုတဲ့ သဘောနဲ့ဆန္ဒပြခြင်း ဖြစ်တယ်” ဟု ယင်းဆန္ဒပြပွဲကို ဦးဆောင်သူ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်မှ ဦးမြတ်ကျော်က ပြောကြားသည်။

အဆိုပါဆန္ဒပြပွဲတွင် PR စနစ် မကျင့်သုံးရေး ကြွေးကြော်သံများနှင့် လွှတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် PR စနစ်နှင့်ပတ်သက်သော ရှင်းလင်းဟောပြောပွဲများကို ပြုလုပ်ခဲ့သည်။ 

အချိုး ကျကိုယ်စားပြု စနစ် (PR) ကို တိုင်းဒေသကြီးများ၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲများတွင် ကျင့်သုံးရန် သင့်တော်မှု ရှိမရှိကို ကော်မတီ (သို့ မဟုတ်) ကော်မရှင် တစ်ရပ်ဖွဲ့စည်းပြီး ဆုံးဖြတ်ရန် ဇူလိုင်လ ၂၉ ရက်နေ့တွက် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့သည်။

PR စနစ်ကျင့်သုံးနိုင်ရေး အဆိုကို တိုင်းရင်းသားပါတီများနှင့် လွှတ်တော်အတွင်း ကိုယ်စားလှယ်အချို့က ကန့်ကွက်စာပို့ခြင်း၊ အစည်းအဝေး မတက်ရောက်ဘဲ ဆန္ဒပြနေခြင်း များရှိနေသောကြောင့် ပွင့်လင်းမြင် သာမှုရှိစွာ ဆုံးဖြတ်ရန် လိုအပ်သောကြောင့် ကော်မရှင် သို့မဟုတ် ကော်မတီ တစ်ရပ်ဖွဲ့စည်းပြီး ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ရယူရန် လိုအပ်ကြောင်းလည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရ ဦးရွှေမန်းက ပြောဆိုခဲ့သည်။ 

အဆိုပါ အချိုးကျကိုယ်စားပြု စနစ် (PR) ကျင့်သုံးနိုင်ရေး အဆိုကို ပြည်သူ့ လွှတ်တော်တွင် ဇူလိုင်လ ၂၄ ရက်နေ့က အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က တင်သွင်းခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List