Friday, August 08, 2014

ပြည်သူများ လွတ်လပ်စွာစုဝေးဟောပြော ဆန္ဒထုတ်ဖော် နိုင်မည့်နေရာများ တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ ဖန်တီးတည်ဆောက်ပေးရန် လိုဟု ဦးကိုကိုကြီးဆို


အစိုးရနှင့် လွှတ်တော်တာဝန်ရှိသူများအနေ ဖြင့် ပြည်သူများ လွတ်လပ်စွာစုဝေး ဟောပြောဆန္ဒ ထုတ် ဖော် နိုင်သည့် ပြည်သူ့ရင်ပြင်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်းတွင် ဖန်တီး တည်ဆောက်ပေးဖို့ လိုအပ်နေ ကြောင်း ၈၈မျိုးဆက်(ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဦးကိုကိုကြီးက ပြောသည်။

NLD နှင့် ၈၈ တို့ ပူးပေါင်း ဆောင်ရွက်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ -၄၃၆ ပြင်ဆင်ရေးလှုပ် ရှားမှု ဟောပြောပွဲများ ပြုလုပ်ရာတွင် နေရာဟောပြော ပွဲနေရာ အ ခက်အခဲဖြစ်မှုများအပေါ်အခြေခံ ၍ ဩဂုတ် ၆ရက်တွင် NLD ရုံးချုပ်တွင် ပြုလုပ်သည့် ပုဒ်မ-၄၃၆ ပြင်ဆင်ရေးပူးတွဲကော်မတီ သတင်းစာ ရှင်းလင်း ပွဲတွင် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

''ပြည်သူတွေရဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်နဲ့ ပတ်သက်ပြီး တော့ သက်ဆိုင်ရာ နိုင်ငံတော်တာဝန် ရှိသူတွေက ဘယ်လိုဖန်တီးပေးမလဲဆိုတာ အကြီးမားဆုံးမေးခွန်း ဖြစ်ပါတယ်။ လူထုဟောပြော ပွဲလုပ် တော့မယ်ဆိုရင် ဘယ်နေရာမှာလုပ်မယ်ဆိုတဲ့ပြဿ နာဟာ အမြဲတမ်း ကျွန်တော်တို့ ရင်ဆိုင်ရ ပါတယ်။ ပြည်သူတွေ လွတ်လပ်စွာစုဝေးနိုင်တဲ့ ဆန္ဒထုတ်ဖော် နိုင်တဲ့ ပြည်သူ့ရင် ပြင်တွေ တိုင်းဒေ သကြီးနဲ့ ပြည်နယ်အနှံ့ အနိမ့်ဆုံး ဖန်တီးပေးဖို့လို တယ်ဆိုတာကို ပုဒ်မ-၄၃၆ပြင်ဆင် ရေးကနေ ထင်ထင် ရှားရှား သိခဲ့ရပါတယ်''ဟု ပြောသည်။

ပုဒ်မ-၄၃၆ပြင်ဆင်ရေး ဟော ပြောပွဲများပြုလုပ်ခဲ့ရာ၌ ဟောပြော ပွဲပြုလုပ်ရန် နေ ရာ အခက်အခဲနှင့် ဟောပြောပွဲပြုလုပ်ရန် စီစဉ်ပြီးသော်လည်း ကန့်ကွက်မှု အချို့ကြောင့် ဟောပြောပွဲအား နေရာရွှေ့ပြောင်း ကျင်းပခဲ့ရခြင်းများ များစွာဖြစ်ပေါ်ခဲ့ကြောင်း ဦးကိုကိုကြီးကပြောသည်။

လက်ရှိအနေအထားအရ မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့်ပြည် နယ် ၁၄ခုတွင် မြို့နယ်ပေါင်း ၃၃၀ ခန့်ရှိသည့်အနက် ရန်ကုန်မြို့၊ မန္တ လေးမြို့နှင့် မြို့နယ်အချို့တွင်လွတ် လပ်စွာဆန္ဒထုတ်ဖော်နိုင်သည့် လူ ထုဟစ်တိုင်ကွင်းများ ဖွင့်လှစ်ထား သော်လည်း လူဦးရေဝင်ဆံ့မှုနည်းပါး သည့်အနေအထားမျိုးဖြစ် ကြောင်း မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူ များထံမှ သိရသည်။ 

Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List